Thursday, March 5, 2009

အနှစ် ၁၅ဝ ပြည့် မန္တလေး အဝေးက ပေးစာတစောင်

၂ဝဝ၉ ခုနှစ်၊ မတ်လ ၅ ရက်။

ကိုဟိုဒင်းရေ-
အုတ်ကျစ်ကျော်အေး မန္တလေး၊ အင်ကြင်းကြာအုံ ရတနာပုံ ဆိုတဲ့အတိုင်း မြန်မာ သက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ မင်းတုန်းမင်း တည်ခဲ့တဲ့ မန္တလေးမြို့ကြီးဟာ မကြာမီ လပိုင်းအတွင်းမှာပဲ အသက် ၁၅ဝ ပြည့်တော့မယ်။ ဒီအကြောင်းကို ပြန်စဉ်းစားမယ်လုပ်လိုက် တာနဲ့ပဲ ခေါင်းထဲမှာ မန်းတောင်လက်ျာ ပတ်ပျိုးလိုဟာက အစ မြို့မ ဆရာငြိမ်းရဲ့‘နန်းမြို့တော်’သီချင်း၊ ဆရာလင်းခေး လုလင်ရဲ့ ‘မန်းရ တနာပုံနေပြည်’သီချင်း စတဲ့ သီချင်း သံတွေကို ကြားယောင်လာပြီး မန်းရာပြည့် ပွဲတော်ကြီးကို လည်း ပြန်သတိရလာမိတယ်ဗျာ။ ဟုတ်တယ်၊ ရတနာပုံ မန္တလေးမြို့ကို တည်တာ အနှစ်တရာ တင်းတင်းပြည့်တဲ့ အထိမ်းအမှတ် ပွဲတော်ကြီးကို ပြောတာပါ။
တကယ်တော့ ၁၉၅၉ ခုနှစ် ဆိုတာဟာ အိမ်စောင့် အစိုးရလို့ခေါ်တဲ့ ဗမာပြည်ရဲ့ ပထမဆုံး စစ်အစိုး ရ လက်ထက်ပဲ ဖြစ်ပါတယ်။ ပထမအစိုးရ တက်လာမယ့် ရွေးကောက်ပွဲကို မကျင်းပ ရသေးပါဘူး။ ကျနော် မှတ်မိသလောက်ဆိုရင် မန္တလေး အနှစ်တရာပြည့်ကို အစောဆုံး စိတ်ဝင်စား၊ ဖော်ထုတ် သူဟာ ရွှေကိုင်းသားလို့ ကလောင်နာမည်ယူထားတဲ့ ဆရာတော်ဦးသောဘိတပဲဗျ။ သူက အစော ကြီး ကတည်းက ဒီကာလကို ကြိုတွက်ပြီး မန္တလေးဆိုတဲ့ စာအုပ်ကြီး တအုပ်ကိုလည်း ပြုစု၊ လူထုသတင်းစာကနေလည်း လှုံ့ဆော်နေတာ။ အဲဒီတုန်းက ဆရာကြီး ဦးသန်းထွန်းတို့၊ ဦးကျော်ရင်တို့ မန္တလေးကို မရောက်ကြသေးဘူး။ ဆရာတော်က ဒီလို တင် လိုက်တော့ ရှိနေတဲ့ ဆရာကြီး ရွှေပြည် ဦးဘတင်တို့လို မြန်မာပညာရှိကြီးတွေကလည်း ပါဝင်ကြ၊ တက္ကသိုလ် မြန်မာစာဌာနလို ဟာက သိုင်းဝိုင်းကြနဲ့ အဲဒီခေတ် အဲဒီအခါက ဗမာပြည်မှာ အကြီးကျယ်ဆုံးလို့ ဆိုရမယ့် မန်းရာပြည့် ပွဲတော်ဆိုတာကြီး ဖြစ်ပေါ်လာခဲ့ တာပဲဗျ။ မန္တလေး တောင်ခြေမှာ၊ အဲဒီတုန်းက ဘာမှ အသုံးမပြုတဲ့၊ အခု တိရစ္ဆာန်ဥယာဉ် လုပ်ထားတဲ့ ကွက်လပ်ကြီးမှာ ခွန်နှစ်ရက်၊ ခွန်နှစ်လီ ကျင်းပတာ။ ဒိအယင်ကတော့ ဒီကွင်းကြီးထဲမှာ ရသေ့ကြီး ဦးခန္တီရဲ့ဈာပနပဲ ကျင်းပဖူးတယ်။

ဒီ ပွဲတော်ကြီး ကျင်းပတယ်ဆိုတော့ မန္တလေးသားတွေအဖို့ ဂုဏ်ယူမဆုံး၊ မော်မဆုံးပေါ့ဗျာ။ အဲဒီတုန်းက မန္တလေးမှာ အာဏာ ပိုင် ဖြစ်နေတဲ့ နမခခေါ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကတော့ ထုံးစံအတိုင်း မြင်းဝန်မင်းဘုရားတည်၊ မြင်းသားများ ကောင်းမှုဆို တာမျိုး နှမ်းဖြူးတာပေါ့ဗျာ။ ဖွင့်ပွဲမှာ တိုင်းမှူးက ဖွင့်လှစ်တယ်ထင်ပါရဲ့။ တကယ်လုပ်ကြတာ၊ ပင်ပမ်းကြတာကတော့ မြို့လူကြီးတွေနဲ့ မြို့ လူထုတွေပါ။ ဘာပဲပြောပြော သူတို့ ပင်ပမ်းရကျိုးနပ်တယ်လို့ ဆိုရမယ် ထင်ပါရဲ့၊ ပွဲကြီး ပြီးသွားတော့ အားလုံးပဲ ကျေနပ်အားရ ဖြစ်သွား ကြတယ်။ နောင် နှစ်ပေါင်းများစွာပဲ ဒီအကြောင်းကို မန္တလေးသားတွေက မြိန်ရေ ယှက်ရေ ပြောလေ့ ရှိကြတယ်။ သူတို့က လူတယောက် ရဲ့အသက်အကြောင်းပြောရင် သူက မန်းရာပြည့် ကျင်းပတဲ့နှစ်မှာ မွေးတာ၊ မန်းရာပြည့် ပြီးနောက်တနှစ်မှာ မွေးတာ စသဖြင့် ညွှန်းတတ် ကြတယ်။ ဒါ့အပြင် လူနာမည်တောင် ရာပြည့်လို့ မှည့်သူတွေ မနည်းဘူး။ အော်- မန္တလေးဆိုတာကလည်း ဗမာပြည်သမိုင်းနဲ့ ဗမာပြည်သားတွေရဲ့စိတ်ထဲမှာ သူ့ထူးခြားချက်နဲ့ သူရှိနေတာကိုးဗျ။ မြန်မာမှုရဲ့မြို့တော်၊ မြန်မာ့ယဉ်ကျေးမှုရဲ့အချက်အခြာ၊ ဗမာပြည်ဗုဒ္နဘာသာဝင်တွေရဲ့အဓိကရမြို့ကြီး စတဲ့ ဂုဏ်ပုဒ်တွေကို လူတွေက ပေါ့ပေါ့ဆဆ ချီးမြှင့်ထားကြတာမှ မဟုတ်တာကလား။ ဗမာတနိုင်ငံလုံး သူ့ကျွန်ဘဝရောက်ပြီး မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုတွေ အခြိမ်း ခြောက်ခံရချိန်မှာ ဒီနေရာကနေ တောင့်တောင့်တင်းခံပြီး “သူ့ကျွန်မခံ၊ မျိုးမာန်မချ၊ မကျသူ့အောက်” ဆိုသလို အမျိုးသား အလံကို လွှင့်ထူခဲ့တဲ့òမိ့၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုရေး၊ ဘယ်ဖက်က ဖြစ်ဖြစ် ဂုဏ်ယူစရာတွေနဲ့ ပြည့်လျှမ်းနေတဲ့ မြို့ကြီးပါဗျာ။ အင်္ဂလိပ်ကိုလိုနီသမားတွေက ဗမာနိုင်ငံရဲ့မြို့တော်ကို ရန်ကုန်ကို ပြောင်းပစ်လိုက်တဲ့ နောက်မှာ မန္တလေးဟာ သူမို့လို့ ဒီလို သူ့ဂုဏ် သူ့ဒြပ်နဲ့ နေနိုင်တယ်လို့ ပြောရလောက်အောင် အိန္ဒြအပြည့်၊ တည်ကြည် ဂုဏ်ရှိစွာ ရပ်တည်ခဲ့ပါတယ်။ ရန်ကုန်မြို့ကြီးဟာ အရှေ့တောင်အာရှရဲ့ နံပတ်တစ် မြို့တော်လို့ ဆိုရမလောက် တိုက်တွေတာတွေ၊ ဥယျာဉ်တွေ ပန်းခြံတွေ၊ လေယာဉ်ကွင်းတွေ ပင်လယ် ဆိပ်ကမ်းတွေနဲ့ ကြီးကျယ်လာခဲ့ပေမဲ့ မန္တလေးကတော့ မန္တလေးပဲလို့ ဆိုရလောက်အောင် တသီးတခြား၊ ထူးထူးခြားခြား တည်ရှိခဲ့ပါ တယ်။ ဒါကြောင့်လည်း နန်းတော်ရှေ့ဆရာတင်က သူ့ရဲ့ ရွှေမိုးညို သီချင်းထဲမှာ “ရန်ကုန်မှာမပြတ်နေပါတယ်၊ နတ်ပြည်ကြီးလို့ပဲ ဆိုကြ ပါစို့၊ သို့ပေမဲ့ ကိုယ့်မြို့ကိုယ်တော့၊ လွမ်းသေးတယ် ရိုးရိုးပဲဗျို”လို့ ရေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီမြို့ကြီး အနှစ် ၁၅ဝ ပြည့်တဲ့ အထိမ်းအမှတ်ကို နအဖ စစ်ဗိုလ်များက ပေယျာလကံ ပြုထားကြလေရဲ့ ကိုဟိုဒင်း ရေ့။ ဒီလူတွေဟာ အတိတ်နဲ့ သူတို့နဲ့ ဘာမှမဆိုင်၊ ရှေ့ကလူတွေ ပြုစုထူထောင်ခဲ့တာတွေကို တန်ဖိုးမထား၊ သူတို့ကိုယ်သူတို့ တသီးတ ခြား သမိုင်းတရပ် ထူထောင်နိုင်မယ်လို့ ယူဆနေကြလေသလား မသိပါဘူး။ သူတို့ရဲ့“နေပြည်တော်”ကလွဲပြီး တခြားဘယ်မြို့ဘယ်ရွာမှ ဂုဏ်မပြုထိုက်၊ စာမဖွဲ့ထိုက်လို့ ယူဆနေကြဟန် တူပါရဲ့ဗျာ။ သူတို့အနေနဲ့ (ကြပ်ပြေးလို) မြို့တော်တခုကို တည်ဆောက်လိုက်တယ် ဆိုတာနဲ့ အဲဒီ မြို့တော်မှာ ဂုဏ်တွေဒြပ်တွေ သူ့အလိုလို ရှိသွားရောလို့ ထင်မှတ်နေကြသလား မသိပါဘူး။ မဟုတ်ပါဘူးဗျာ။ မြို့ဆိုတာ လည်း လူတွေလိုပဲ သမိုင်းကို ဖြတ်သန်း၊ စမ်းသပ်ခံပြီးမှ ဂုဏ်တက်ကြ၊ ဂုဏ်တည်တံ့ရတာ ဖြစ်ပါတယ်။ ဗမာပြည်မှာ မင်းနေပြည် ဖြစ်ခဲ့ ဖူးတဲ့ မြို့တွေ မနည်းပါဘူး။ ဒါပေမဲ့ သူတို့က မန္တလေးလို အနီးဆုံး ခေတ်နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးနဲ့ ဆက်စပ်မိသွားတာမျိုး မ ဖြစ်ခဲ့ကြဘူးလေ။ ရှေးခေတ်တုန်းက ပဒေသရာဇ် မင်းတပါးဟာ မင်းနေပြည်ကို ပြောင်းတယ်ဆိုရင် နေပြည်တော် အဟောင်းကနေ သူ့ကို ခြားနားမှာ စိုးလို့ အဲဒီ မြို့ကို ဖျက်ထားခဲ့လေ့ ရှိကြတယ်။ မန္တလေးကျတော့ အဲဒီလို မဟုတ်ဘူး။ နန်းတော်၊ နန်းမြို့ရိုး စတာတွေ က လူတွေကို ကိုယ့်ထီးကိုယ့်နန်းနေခဲ့တဲ့ ဘဝတွေ မမေ့ဖို့ အင်္ဂလိပ်လက်အောက်မှာ သတိပေးနေသလို ထီးထီးမားမား ကျန်နေခဲ့တာ။ ဒီလို တည်ရှိနေတာတွေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို လူကို “သြော်- မန်းအပျက်တွင်ဖြင့်၊ ကြငှန်းမက်လိုက်ရပုံက၊ ပုခန်းထွက် တဲ့ပြီး၊ အကြမ်းဖက်ရော့ မဟဲ့လို့၊ ငမ်းငမ်းတက် သရေယိုအောင်၊ နန်းဆက်အမွေကိုလဲ မှန်းမိတဲ့ပြင်”ရေးစေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ အစိုးရ လုပ်နေတာနဲ့ပဲ နောင်တချိန်ကျတော့ ဗမာပြည်သားတွေရဲ့သညာထဲမှာ သူတို့ရဲ့ကြပ်ပြေးမြို့တော်ဟာ ဗမာပြည် သားတွေကို သတ်ဖြတ်ညှင်းဆဲဖို့ အမိန့်တွေထုတ်ပြန်ခဲ့တဲ့ မြို့တမြို့လို့ စွဲမှတ်သွားမယ့် အလားအလာတွေ တွေ့နေရတယ်။ ဒါမှမဟုတ် လည်း အကောင်းဖက်က ပြန်စဉ်းစားရင် နအဖ စစ်အုပ်စုကို နောက်ဆုံး ချေမှုံးနိုင်တဲ့ နေရာလို့ ကမ္ဗည်းတင်နိုင်တဲ့ မြို့များ ဖြစ်မလားပေါ့။ ဒါနဲ့ ပတ်သက်လို့ ကျနော့် ခေါင်းထဲမှာ ဝင်နေတဲ့ မေးခွန်းတခုက ‘ဒီနေ့ကာလမှာ ကိုယ့်ကိုယ်ကို နေပြည်တော် (ကြပ်ပြေး)သားလို့ လက် မထောင် ဂုဏ်ယူတဲ့ လူရယ်လို့ ရှိမှရှိရဲ့လားဆိုတာပဲ။ တခြားမြို့သားတွေကတော့ ကိုယ့်ကိုယ်ကို ဘယ်မြို့သားလို့ ဂုဏ်ယူလေ့ ရှိကြ တယ် မဟုတ်လားဗျ။ အာဏာရှိတဲ့ လူတွေအနေနဲ့ မြို့တော်ဆိုတာကို ထင်သလို ဟိုရွှေ့ဒီပြောင်း လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့ အဲဒီလို ရွှေ့လေ ရာမှာ အဲဒီမြို့ရဲ့ ဝိဉာဉ်ကိုတော့ တပါတည်း သယ်မသွားနိုင်ပါဘူး။ မြို့တော်ကို ရန်ကုန်ကနေ ကြပ်ပြေးဆီ ပြောင်းသွားပေမယ့် ရန်ကုန် မြို့ကြီးရဲ့ ဂုဏ်သိက္ခာ၊ ဗမာပြည်သားတွေရဲ့ရန်ကုန်အပေါ် သံယောဇဉ်နဲ့ အလေးထားမှု၊ ဒီမြို့ကြီးအတွက် ဂုဏ်ယူမှု စတာတွေဟာ ဟောဒီ ရွှေတိဂုံ စေတီတော်မြတ်ကြီးနဲ့ သူ့ခြေရင်းမှာ ကျန်ခဲ့ပါတယ်။ ဗမာပြည်သားတွေအဖို့တော့ ရန်ကုန်ဟာ ရန်ကုန်ပါပဲ။ တကယ့်ကို မဟာရန်ကုန် ဖြစ်ပါတယ်။ အလားတူပဲ၊ မန္တလေးဟာလည်း မန္တလေးပါပဲဗျာ။ မန္တလေးသားတွေ မြို့ပြင်ရောက်၊ တပြည်သားတွေပြည်တွင်းရောက်၊ ဘယ် လိုပဲ ကပြောင်းကပြန်တွေဖြစ်ဖြစ် စိန်ဗေဒါ၊ မြို့မငြိမ်း၊ လေဘာတီ မမြရင် ဘစသူတွေရဲ့ ရင်ထဲအသဲထဲက မန္တလေးမြို့ကြီးဆိုတဲ့ အဖြစ် ကိုတော့ ဘယ်လိုမှ မပြောင်လဲ နိုင်ပါဘူး။ ရာစုနှစ် တခုနဲ့ တဝက်တိတိ ဗမာပြည်သားတွေရဲ့ ချစ်သဲ ဖြစ်နေခဲ့တဲ့ မန္တလေးဟာ နောင်မှာ လည်း ချစ်သဲ ဖြစ်နေအုန်းမှာ သေချာပါတယ်။
စောင့်ကြည့်ပါ မိတ်ဆွေကြီးရယ်။ ဘာမှ မဝေးတဲ့ တချိန်ကျရင် မန္တလေးသားတွေဟာ ပြည်တော်ဝင် သီချင်းကို မြိုင်မြိုင်ဆိုတီး ကြပြီး သူတို့ မြို့ကို သူတို့ စိတ်ကြိုက် တည်ဆောက်ကြ အုန်းမှာပါ။
ဘယာဘေး ကွာဝေးကြပါစေ။

ယာတောကသာဗြော

No comments: