Friday, March 6, 2009

ပြန်လာခဲ့ပါ လောပီတ

ကျနော် ရန်ကုန်နဲ့ဖုန်းပြောပြီး၊ စိတ်မကောင်းဖြစ်နေချိန်မှာ ကျနော့်သူငယ်ချင်းတေးရေး ဆရာ ခင်မောင်ဦး(Ossy)က ဖုန်းခေါ်လာတယ်။ သူရေးခဲ့တဲ့ သီချင်းတွေကို နယ်စပ်မှာရှိနေတဲ့ ကရင်နီ လူငယ်တွေက အခွေထုတ်ဖြစ်ကြောင်း ပြောလာတယ်။ ကျနော်လည်း ညစ်ညစ်နဲ့ ကောင်းပါတယ် ပေါ့။ သူက ဆက်ပြီး အဲဒီ အခွေကို ဒီဇိုင်းလုပ်ပေးဖို့ အကူအညီ တောင်းလာပြန်တော့ အားနာနာ နဲ့ လုပ်ပေးမယ်လို့ ပြောလိုက်တယ်။ နောက်တနေ့ လုပ်ပေးရမယ့် အခွေရဲ့သီချင်းတွေကို နားထောင် ဖို့ သူ့အိမ်ကို ရောက်သွားတော့ မနေ့က ညစ်နေတာတွေ လန်းလာပြီး သူအခွေ ဒီဇိုင်းကို စိတ်ပါလက်ပါ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

မြန်မာနိုင်ငံ တနိုင်ငံလုံး လိုလို မီးပျက်ခြင်းကြောင့် စိတ်ညစ်နေကြတယ် ဆိုတာကို ရန်ကုန်နဲ့ဖုန်းပြောပြီး သိခဲ့ရတော့ စိတ်ထဲ မကောင်း၊ ဘာမှလည်း လုပ်မပေးနိုင် ဖြစ်နေချိန်မှာ ဒီအခွေရဲ့ခေါင်းစဉ်ဖြစ်တဲ့ “ပြန်လာခဲ့ပါ လောပီတ” ဆိုတဲ့ သီချင်းက မြန်မာနိုင်ငံသားများရဲ့အော်သံ အဖြစ် ကျနော်ကြားယောင်မိတယ်။ တေးရေး ခင်မောင်ဦး(Ossy)က ဒီသီချင်း ရေးဖြစ်တာ ကြားပြီ ခုမှ ထုတ်ဖြစ်တာလို့ ပြောတယ်။ ကျနော်ကတော့ ခုမှ ထုတ်ဖြစ်တာကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ အချိန်အခါနဲ့ ကိုက်နေလို့ပဲ။ ကဲ ကျနော်လည်း ချဲ့ကားပြီးမရေးတတ်ဘူး၊ သီချင်းကိုသာ နားတောင်ကြည့်ပါ။ မြန်မာနိုင်ငံသားများအတွက် အားဖြစ်ခဲ့ရင် ကျေနပ်ပါတယ်။

No comments: