Friday, August 7, 2009

ကမ်းဆင့်နှစ်များ

လေနစ်သစ်ပင်မင်းမူသော တောခြောက်
ကြွေကြအိပ်မက်ပွင့်များ
ပြန့် ကျဲကျိုးပဲ့ ဝေနေ --၊

အနာဂတ်တောင်ပံတွေ နှောင်ချုပ်ခံရ
ပုတ်သိုး မဲမှောင်ကာလသာ
အုံ့ ကြွ ဝေဆာ သိမ်ငယ်နေ ---၊

ဖုံးဖျောက်မရတဲ့ ရာဇဝင်ကောင်းကင်
ဝိညာဉ်တေးသံခြံရံ
တော်လှန်သူတွေ ဆက်မွေးနေ ---၊။

ဒေါင်းနီ (ဝ၈-ဝ၁-ဝ၉)
(ယုံကြည်ချက်ဖြင့် ကျဆုံးသွာသော သူရဲကောင်းရဲဘော်အပေါင်းအာ လေးစားဦးညွှတ်လျှက်---၊)

3 comments:

Nge Naing said...

ကိုဒေါင်းနီရဲ့ ကဗျာလေးကို ပြန်ဖတ်ရတာ ကျေးဇူးတင်ပါတယ်။

ဂျေဂျူဝိုင် said...

ကဗျာလေးကို လာရောက်ခံစားသွားပါတယ်။ ကျွန်တော်ကတော့ ကဗျာထဲမှာ ပုပ်သိုး စတဲ့ အနိမိတ်စကားတွေကို သိပ်မထည့်စေချင်ပါဘူးခင်ဗျာ
အားပေးလျှက်........

FreedomFighter88 said...

ဖုံးဖျောက်မရတဲ့ ရာဇဝင်ကောင်းကင်
ဝိညာဉ်တေးသံခြံရံ
တော်လှန်သူတွေ ဆက်မွေးနေ ---၊။

ကဗျာလေးခံစားသွားတယ်...။