Wednesday, December 16, 2009

ထာဝရ

ငါ တော်လှန်လမ်းကို အလျားလိုက်ကူး
နိုင်ငံကိုလည်း ရင်ထဲဆွဲသွင်းချင်
နောင်တမဲ့ တောင်ပံဖွင့်လွင့်လို့ 
အမနာပလေထန်လည်း
အညံခံပြန်လှည့် ရိုး မရှိ---၊

ငါ့ရဲ့ပြာမှုန် လေဟုန်ထိုးဖောက်
အာကာယံထက် ကပ်ငြိတွဲ
ကြိုပြီးလမ်းခွဲ လွင့်ခဲ့လည်း
ဖြစ်တည်ရာ နေရာတိုင်း
သမိုင်းကြွေးကို မှတ်ထားမိ---၊

ငါ့ တိုက်ပွဲဖော် အမှောင်ရိုက်ချိုး
နံရံတွေတောင် ရိုကျိုးဝပ်တွား
သွေးအောင်လံ တလွင့်လွင့်တိုး
ကမ္ဘာတရိုး မျိုးဆက်စိုက်ကာ
ဝိညာဉ်ရှိသရွေ့ အာခံနေပါ၏။

ဒေါင်းနီ
ဝ၉-ဝ၉-ဝ၉

1 comment:

မောင်သုည said...

ကဗျာတွေဖတ်သွားတယ်ဗျာ
ကောင်းတယ်
ကျေးဇူးပါ
လင့်ထားပါရစေဗျာ