Friday, May 14, 2010

သမိးရဲ့ တောင်ယာ

အဖေက
ယုံကြည်ချက်တွေကို ရိတ်သိမ်းဖို့
သူ့ကိုယ်ပေါ်မှာရင်း
ဘ၀ကို
အမှန်တရားတွေ ဆူးထိုးပြီးစိုက်ခဲ့။

အမေက
အဖေရိတ်သိမ်းလာမယ့် အမှန်တရားတွေကို
သိုလှောင်ဖို့
လုံခြုံတဲ့ ကျီတခုကို သူ့ကိုယ်ပေါ်မှာ ဆောက်။

သမီးက
လောကထဲ ရိက္ခာအတွက်
အမေ့ရဲ့ ကျီထဲက
အဖေ့ရဲ့ အမှန်တရားများ
တသက်စားမကုန်။

တိုးသစ်
မှတ်ချက်။ ။ ဤကဗျာရှင်သည် ဇနီးဖြစ်သူနှင့်အတူ နှစ်ရှည်ထောင်ဒဏ် ကျခံနေရပါသည်။

No comments: