Thursday, May 27, 2010

ခေတ်တခုရဲ့ ခြေရာများ

ဖြစ်ပုံက
ရိုးရိုးစင်းစင်းလေးပါပဲ
လူငယ်တွေ ပွင့်ဖူးသလောက်
ခေတ်က
ခူးယူ ပန်ဆင်ခဲ့တာပ။

လူငယ်ဟေ့
ကောင်းကင်ကြီးကို လှစေချင်တယ်
သမုဒ္ဒရာကြီးကို သန့်စေချင်တယ်
ပြီးတော့ …
ကမ္ဘာကြီးကို
လတ်ဆတ်တဲ့ လေတွေနဲ့ ထုံမွမ်းစေချင်တယ်
စစ်မက်ခြေသံတွေ တိတ်ဆိတ်စေချင်တယ်။

ခေါင်းမရှောင်ခဲ့ပါဘူး
အဝေးကြည့်
အနီးကြည့်
မြင်ကွင်းအားလုံးထဲမှာ
မြစ်ကျိုးအင်းအိပ်မက်တွေထဲမှာ မသေဘဲ
အရူးအမူးကူးခဲ့ကြတာပ

ခေတ်ဆိုတာကိုက
မဆုံးသောခရီးလေ။

တိုးသစ်
မှတ်ချက်။ ။ ဤကဗျာရှင်သည် ဇနီးဖြစ်သူနှင့်အတူ နှစ်ရှည်ထောင်ဒဏ် ကျခံနေရပါသည်။

No comments: