Tuesday, June 10, 2008

မုန်တိုင်း

ညိုထက် (လမ်းသစ်ဦး)

မီဒီယာတွေက စကားရောင်း စကားဝယ်လုပ်ကြတယ်
တခါတရံမှာတော့လည်း
စကားရောင်း စကားဝယ်လုပ်တယ်ဆိုတာ
အဓိပ္ပါယ်ရှိပါတယ်။

အလကားပါ
ဘယ်သူရေးဆွဲပေးတဲ့ မြေပုံကိုမှ
သူတို့မယုံကြည်ပါဘူး၊
လူထုဟာ
သူတို့လျှောက်ရမယ့်လမ်းအတွက်
ကိုယ်ပိုင် မြေပုံရှိတယ်။

လူထုဟာ အကြောက်တရားဖိစီးနေတယ်
လူထုဟာ စားဝတ်နေရေးကိစ္စပဲ လုံးပမ်းနေရတယ်
လူထုဟာ နိုင်ငံရေးကို စိတ်မ၀င်စားနိုင်တော့ဘူးတဲ့လား …
ကျနော်တို့ သည်းခံရပေါင်းများပြီ
လူကြီးမင်းဆိုသူများ ဝေးရာသွားနေကြပါ။

သေချာလာတယ်
ကြည်ရှင်းတောက်ပလာတယ်
လူထုဟာ သမိုင်းကို ဖန်တီးတယ်
သမိုင်းဟာ အညှာတာကင်းတယ်
ပဋိပက္ခရှိမှ တိုးတတ်တယ်။

ဒါဟာ
သူသေ ကိုယ်ရှင် တိုက်ပွဲဖြစ်တယ်
လှိုင်းတံပိုးတွေပြင်းထန်တယ်
တိုက်ရဲသူတွေရဲ့ရှေ့မှာ
စစ်အုပ်စုဟာ ဒူးထောက်ရလိမ့်မယ်။

No comments: