Thursday, June 12, 2008

(၁၀၂) ရက်မြောက် မိုင်ပေါင်း ၃၀၀၀

ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး

အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေး တို့အတွက် မိုင်ပေါင်း(၃၀၀၀) ကျော်ချီ တက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေသင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင် (၁၀၂) ရက်မြောက်ရှိခြဲ့ပီး မိုင်ပေါင်း(၂၆၅၀) ကျော်ဖြတ်သန်းခဲ့ ပါပြီ ယခုဆှိုလျှင် သူတို့နှစ်ဦးဟာ (Indiana) ပြည်နယ်ကို ကျော်ဖြတ်နေပါတယ်။

ဇွန်(ရ)ရက် မှာတော့ ရဲဘော်အေသင်တို့ရဲ့(၈၈)စစ်ကြောင်းဟာ (Indiana)ပြည်နယ် ဖို့ဝိန်းမြို့ကို ရောက်ပါတယ်၊ ဖို့ဝိန်းမြို့က ABSDF ရဲဘော်ဟောင်းများ၊ABSDF အတွင်းရေးမှူးဟောင်း ဆလိုင်းကိုကိုဦး နှင့်ဒေသခံ မြန်မာပြည်သူများက ရဲဘော်အေသင်တို့ကို နွေးထွေးစွာဖြင့် တခမ်းတနား ကြိုဆိုခဲ့ကြပါတယ်၊ ဖို့ဝိန်းမြို့ကြိုဆိုပွဲမှာပဲ ရဲဘော်အေသင်တို့ရဲ့(၈၈) စစ်ကြောင်းက မြန်မာပြည်သူလူထုသို့ ပန်ကြားချက် တစောင်ကို ထုတ်ပြန် လိုက်ပါတယ်။

ရဲဘော်အေသင်တို့ရဲ့(၈၈)စစ်ကြောင်းဟာ(IDAHO,WY0MING,NEBRASKA,IOWA,ILLINOIS) စတဲ့ ပြည်နယ် (၅)ပြည်နယ်ကို ကျော်ဖြတ်ခဲ့ပြီးပါပြီ၊ (Indiana)ပြည်နယ်မှတဆင့်၊ (Ohio, Pennsylvania) ပြည်နယ်တွေကို ကျော်ဖြတ်ရဦးမှာပါ၊ NewYork City ကိုရောက်ဖို့ မိုင်ပေါင်း(၆၀၀)ကျော်ခန့်ပဲ ကျန်တော့ပါတယ်၊ သြဂုတ်လ(၈)ရက်နေ့မှာ (NewYork)မြို့ကို အရောက်ချီတက်ရမှာပါ၊ ဖြတ်သန်းခဲ့တဲ့ ချီတက်ရာလမ်း ခရီးတလျှောက် အစစအရာရာ ကူညီခဲ့ကြတဲ့ ရဲဘော်များကို ကျေးဇူးတင်ပါကြောင်း ကျနော်တို့ပြောလိုပါတယ်၊ ချီတက်ရာခရီး ဆုံးပန်းတိုင်အထိ တတ်နိုင်သမျှ ဆက်လက်ကူညီကြစေချင်ပါကြောင်း ကျနော်တို့ ထပ်မံအ ကြောင်း ကြားလိုက်ပါတယ်။
ရဲဘော်အေသင် တို့ (၈၈)စစ်ကြောင်းရဲ့ ပြည်သူသို့ပန်ကြားချက် ကိုပူးတွဲတင်ပြလိုက်ပါတယ်။

မိုင် ၃၀၀၀ ကျော်ခရီးရှည်ချီတက်နေသော ၈၈ မျိုးဆက်ကျောင်းသားများမှ ပြည်သူလူထုသို့ပန်ကြားချက်

-ပြည်တွင်း၊ပြည်ပရှိ ရဟန်းရှင်လူကျောင်းသားပြည်သူများခင်ဗျား…

(၁) နအဖ စစ်အာဏာရှင်အစိုးရ၏ ဖိနှိပ်ရက်စက်မှုအောက် အမိမြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲအကြပ်အတည်း များစွာကို အားလုံးကြားသိပြီးဖြစ်ပါသည်၊ နအဖ စစ်အုပ်စု၏ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်မှုနှင့် ဖိနှိပ်နေမှုများသည်လည်း ပိုမိုတိုး၍သာ လာနေသည့် အခြေအနေဖြစ်သည်၊ မေ ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ပြစ်ပယ်၍ စစ်အုပ်စု အကျိုးစီးပွားကို ကာကွယ်ပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ လိမ်လည်လှည့်စားမှု ခြိမ်းခြောက်မှုမျိုးစုံဖြင့် ဟန်ပြလူထုဆန္ဒခံယူပွဲကိုကျင်းပ၍ လူထုကအမှန်တကယ် ထောက်ခံကြောင်း အရှက်မရှိကြေငြာခဲ့သည်။နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီ အသက်ဆုံးရှူံးခဲ့မှုကို စာနာခြင်းကင်းမဲ့စွာ လူမဆန်စွာဖြင့် လေဘေးဒုက္ခသည်များအား အားစိုက်ကူညီ ကယ်တင်ရေးထက် ၎င်းတို့အာ ဏာတည်မြဲရေးအတွက်သာ ဦးစားပေးလုပ်ဆောင်နေမှုကိုလည်း မျက်နှာပြောင်တိုက်၍ လုပ်ရဲသည်၊ ဘယ်သူ သေသေ ငတေမာလျှင်ပြီးရောဆိုသည့် အတွေးအခေါ်နှင့် လုပ်ဟန်ပင်ဖြစ် သည်။တိုင်းရင်းသား လူမျိုးစုများစွာ မှာလည်း စစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရမြဲဖြစ်သည်၊ ပြည်သူလူထုဘ၀မှာ တနေ့ထက် တနေ့ ကြပ်တည်းမွဲတေသောရင်ဆိုင်မှုများဖြင့်သာ ကြုံတွေ့နေရသည်။

(၂)မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ပြည်သူလူထုဘ၀ သာယာအေးချမ်းရေးအတွက် တိုက်ပွဲဝင်နေသော ဒေါ် အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် တို့အပါအ၀င် နိုင်ငံရေးလှူပ်ရှားနေသူများစွာမှာလည်း စစ်အုပ်စု၏ ဖမ်းဆီး ထိမ်းသိမ်းခြင်းကိုခံနေကြရသည်၊ NLD ပါတီဝင်များ မတရား ရက်စက်အနိုင်ကျင့်မှုနည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေ ကြရသည်ကိုလည်း အားလုံးကြားသိပြီးဖြစ်သည်၊စက်တင်္ဘာလ သံဃာတော်များ၏သပိတ်မှောက် ကံဆောင်မှု bကို အကြမ်းဖက်၍ဖြိုခွဲခဲ့သည်မှာလည်း တကမ္ဘာလုံးအသိပင်။ စစ်အုပ်စုမှာ ၎င်းတို့ တရားဝင်ဖိနှိပ် ရက်စက် ခွင့်ရအောင်ဆက်လက်၍ ကြိုးစားနေပါဦးမည်၊အလွယ်အကူအလျှော့ပေးမည်မဟုတ်ပါ။

(၃)အမိမြန်မာပြည်သူလူထု ငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် စစ်အုပ်စုအုပ်ချုပ်နေသရွေ့ဟန့် တားနှောင့်ယှက်မှုများဖြင့် ကြုံတွေ့နေပါလိမ့်မည်၊အကောင်အထည်ဖေါ်နိုင်မည်မဟုတ်ပါ၊ထို့ကြောင့် စစ်အုပ်စုကို ဖြိုဖျက်နိုင်ဖို့ ပြည်သူလူထုအားလုံး ၀ိုင်းဝန်းဆန့်ကျင် တိုက်ပွဲဝင်မှရပါလိမ့်မည်၊ တိုက်ပွဲနည်းနာပေါင်းစုံဖြင့် တော်လှန်ကြရပါမည်။

မိမိတို့ ၈၈ စစ်ကြောင်းမှ ပြည်သူလူထုအားပန်ကြားလိုသည်မှာ…

-၂၀၀၈ ခုနှစ်အတွင်း စစ်အုပ်စုဖြုတ်ချရေး တိုက်ပွဲအရှိန်ကို တတ်နိုင်သမျှမြှင့်တင်စေလိုပါသည်။
-တိုက်ပွဲနည်းနာပေါင်းစုံဖြင့်တော်လှန်တိုက်ပွဲဝင်ကြရန်တပ်လှန့်နိုးဆော်ပါသည်။
-ယခုနှစ် ဇူလိုင်(၁၉)ရက်နေ့မှစ၍ ပြည်တွင်း၊ပြည်ပရှိ မြန်မာပြည်သူများအားလုံး တနိုင်ငံလုံးအတိုင်းအတာ ဆောင်သည့် လူထုဆန္ဒပြပွဲ ကြီးများဖြစ်အောင် ပြင်ဆင်လုပ်ဆောင်ကြပါရန် ပန်ကြားလိုက်ပါသည်။

စစ်အုပ်စုမုချကျဆုံးစေရမည်။

၈၈ စစ်ကြောင်း
၈၈ မျိုးဆက်ကျောင်းသားများ
ရဲဘော်အေသင်
ရဲဘော်ဇော်မင်းထွေး
Ph-971-285 7399/919-357 6852

No comments: