Thursday, February 5, 2009

ငါ….ဗလာနယ်လွင့်မျောခြင်း မိုးပျံပူဖောင်းနှင့်ပေါက်ကွဲမှု

ဗလာနယ်တွေက
ထုနဲ့ထည်နဲ့ ပြည့်သိပ်လို့
အဲ့ဒီ ဖိညှပ်မှုအောက်မှာ
ကြပ်နေခဲ့ရ…။

မိုးပျံပူးဖောင်းတလုံးလို
ငါ…လွင့်မျောသွားချင်ရဲ့
ပေါက်ကွဲ မသွားမချင်းပေါ့…။

ထက်ခိုင်

(သွေးသစ်ပန်းခင်း မျှော်လင့်ခြင်းနှင့် ခြေထောက်များ၏မြင်ကွင်း)/ကဗျာ စာအုပ်မှ

3 comments:

မင်းသက်ပိုင် said...

ကဗျာလေးက ကောင်းတယ်...ကျနော်ကတော့ လွင့်မျောနေရင်းနဲ့ ပေါက်ကွဲလိုက်ချင်တယ်ဗျာ

My Diary said...

ကိုမင်းသက်ပိုင် ပြောသလို ပေါက်ကွဲသွားတဲ့အထိ လိုက်သွားတာက ပိုအရသာရှိမှာပေါ့

ဒေါင်းမင်း said...

ဒိန်းခနဲပေါက်ကွဲလိုက်ရင်..ပိုပြီးအနှစ်သာရရှိမလားလို့
အခုတော့ပေါက်ကွဲချင်နေတာကြာပြီ..ကဗျာလေးကတိုတိုလေးနဲကထိတယ်