Friday, February 13, 2009

ရေတက်ဦး ငါးများ

ပုံပြောတတ်လိုက်တာ
ငါတို့က နစ်မျောပျော်ဝင်လို့
ငေးမောလို့…။

ထဆိုထ
ကဆိုကနဲ့
ဘ၀တွေကို သူတို့လိုသလိုထုဆစ်ခဲ့တာ..။

စိုက်လိုက်မတ်တပ်လိုက်ခဲ့တယ်
ရပ်ဆိုရပ်
သွားဆိုသွား
စားဆိုစားနဲ့ နားထောင်ခေါင်းငြိမ့်
စိတ်ထဲ
အကျိတ်အခဲမရှိ
သတ္တိရှိစွာ နာခံရိုသေမြတ်နိုး
ခါးရိုးပဲကျိုးကျိုး
သေမတတ်ထမ်းပိုးခဲ့ရတာ
ငါတို့….တကယ်ပဲဝပ်တွားလို့..။

အဆီအစ်အစ်
ပျိုမျစ်ဖုထစ်နေတဲ့မျက်နှာနဲ့
ဝက်တကောင်လို ၀ဖြီးနေလိုက်တာ
ငါ….သူတို့ကိုပြန်တွေ့တော့…။
မေ့တောင်နေတယ်တဲ့
တကယ်ဆို…..ငါက
သူတို့စေတဲ့နေရာ
ဟိုး…အဝေးမှာရှိနေခဲ့တာ
ဆံမျှင်တွေကြွေကျသည်အထိ…။

သူတို့ဖြစ်ပျက်နေခဲ့တာတွေ
ငါ….ဘာဆိုဘာမှ မသိခဲ့
ကွဲပြဲတာလည်းမသိ ရွဲတွဲ တာလည်းမသိ
ဘာမှလည်းမရှိ မလုပ်တတ် မကိုင်တတ်နဲ့
အဟာရပြတ် ပိန်ကပ်ကပ်မျက်ခွက်နဲ့…ငါ့ ကိုကြည့်လို့…။

အံဝင်ခွင်ကျ မဖြစ်တဲ့
သူတို့ရဲ့ညနေခင်းပွဲတွေမှာ
ငါ…ငေးမောနေတဲ့အခါ အံ့သြတုန်လှုပ်နေတဲ့အခါ
“သတ္တ၀ါ”အထူးအဆန်းတကောင်လို ငါ့ကိုကြည့်ကြ
ရီမောလှောင်ပြောင်ကြ
ကခုန်သီဆိုပျော်မြူးကြ ရူးမှုးအော်ဟစ်ကြ
ဆဲဆိုငြင်းခုန်ကြ သောက်ကြ စားကြ
ထိုးကြ ကြိတ်ကြ ဟန်ဆောင်ပြုံးကြ ငိုကြ
သူတို့က အတော်ကျင့်သားရနေတဲ့ပုံပ
ဘာမှမဖြစ်သလို ဖြစ်ခဲ့တာတွေလည်းသူတို့နဲ့မဆိုင်သလို
ဖြစ်နေတာတွေလည်းဘာမှမသိသလို
အဲဒီလိုပဲ နေ နေကြတာ
တကယ်ပါ….သူတို့ အဲဒီလိုပဲ နေ နေကြပါကလား…။

ရဲဘော်ညိုထွန်းရေ
အဲဒီမှာပဲ နေသာသလိုပဲနေပါတော့
ဘာသိဘာသာနေတတ်သူတွေကြား
“လုပ်တတ်”သူတွေကြားမှာ ခင်ဗျားဝိညဉ်မပျော်ပိုက်ပါနဲ့
အဲဒီမှာပဲ ဆွံ့အ နေလိုက်ပါ
(ဒါပေမယ့်)ကြယ်စင်တွေလမ်းမပျောက်အောင်တော့
ရှင်ပြန်ထမြောက်
ခရီးရောက်အောင်ဦးဆောင်ညွှန်ပြပေးပါလေ….။

ကျနော့် မှာတော့…
မျက်စိညောင်း နားညောင်း
စိတ်ထောင်းကိုယ်ကြေရင်း ဒင်းတို့ကူးခတ်နေပုံကို ငေးရင်း
ပြုံးပဲ.. ပြုံးနေတတ်တော့တယ်
ကျနော်တကယ်ပဲ ဓါတ်ကျတယ်ဗျာ…….။

သားထူး(ပေါင်းတည်)

4 comments:

Co2zeиith said...
This comment has been removed by the author.
Co2zeиith said...

Blogger Co2zenith said...

စိုက်လိုက်မတ်တပ်လိုက်ခဲ့တယ်
ရပ်ဆိုရပ်
သွားဆိုသွား
စားဆိုစားနဲ့ နားထောင်ခေါင်းငြိမ့်
စိတ်ထဲ
အကျိတ်အခဲမရှိ
သတ္တိရှိစွာ နာခံရိုသေမြတ်နိုး
ခါးရိုးပဲကျိုးကျိုး
သေမတတ်ထမ်းပိုးခဲ့ရတာ
ငါတို့….တကယ်ပဲဝပ်တွားလို့..။


တော်တော်လေး ကိုလွန်နေ ပြီနော် အစ်ကို...
ဒင်းတို့ က ပါသေမယ် ဆိုရင် ကမ္ဘာ့ နောက်ဆုံးနေ့ ဆိုတဲ့  doomsday

http://co2zenith.blogspot.com/2008/12/blog-post_08.html

2012-DEC-21 ဆိုတာ နောက်များ ကျနေသလားလို့  စဉ်းစားမိတရ် အစ်ကို ငြိမ်းစု ရာ...

Unknown said...

ကျနော့် မှာတော့…
မျက်စိညောင်း နားညောင်း
စိတ်ထောင်းကိုယ်ကြေရင်း ဒင်းတို့ကူးခတ်နေပုံကို ငေးရင်း
ပြုံးပဲ.. ပြုံးနေတတ်တော့တယ်
ကျနော်တကယ်ပဲ ဓါတ်ကျတယ်ဗျာ…….။


စိတ်ဓာတ်တွေ မကျပါနဲ့
ကိုပေါင်းတည်ရေ..
နောက်ဆုံး တနေ့တော့
အောင်ပွဲနဲ့ အတူပြန်လာကြပေါ့

My Diary said...

ပြုံးနေတက်ရုံပဲ ပြုံးနေတက်တော့ ဓါတ်ကျတယ်တဲ့လား
ကဗျားလေး ဖက်သွားပါတယ်