Friday, March 27, 2009

ခရီး

ဖြစ်ချင်တာတွေ
မဖြစ်နိုင်သေးတဲ့ အချိန့့် ၊

လုပ်ချင်တာတွေ
မလုပ်နိုင်သေးတဲ့ အချိန့့် ၊

အချိန့့် 
မှေးမှိန် မသွားအောင် ကြိုးစားရင်း
ကုန်ဆုံးသွားတဲ့ အချိန့့် ၊

အဲဒီ အချိန်တွေကြားမှာ
နာကြည်း ခံစားမှုတွေ
ဆုံးရှုံးမှုတွေ မြောပါသွားပြီး
အတွေ့အကြုံသာ ‘ရ’ ထားလိုက်တဲ့ ငါဟာ
အဲဒီ့ 
အချိန်တွေမှာ စီးမျှောရင့်း့ ။

ရိုး (ခေတ္တာရာ)
July 12, 2004 Rensselaer, NY

3 comments:

FreedomFighter88 said...

ကဗျာလေးကတိုတိုနဲ့ အနှစ်သာရပြည့်ဝတယ်။
အတွေ့ အကြုံတွေကိုဘ၀နဲ့ ရင်းပြီးယူလိုက်
ကြရတယ်...။ ဖြစ်ချင်တာတွေကတော့ဖြစ်မလာသေး
တာအနှစ် ၂၀ ကြာပေါ့....။

ကဗျာလေးကူးထားလိုက်တယ်။ကျေးဇူးပါကိုငြိမ်းစုရေ...
အားလုံးအဆင်ပြေပါစေ။

ရဲဝင့်သူ said...

ကဗျာကောင်းလေးတပုဒ်ဖတ်လိုက်ရတယ်ဗျာ..ကျေးဇူးပါ။

လေးစားစွာဖြင့်

ရဲဝင့်သူ

mirror said...

ကွယ်ပျောက်နေတာ ကြာပြီးဖြစ်တဲ့ ရိုး(ခေတ္တရာ)ရဲ့
ကဗျာကိုလာဖတ်ပါတယ်။တိုက်ဆိုင်တာက ညီမရဲ့လက်ရှိခံစားချက်နဲ့ပါ...။
ကူးယူသိမ်းဆည်းသွားပါတယ်..။