Wednesday, April 22, 2009

နှစ်သစ်ဆုတောင်း

-ရေတွေစိုရွှဲ ကခုန်ပျော်မြူးနေတာမြင်တော့
နှစ်သစ်ကူးအတာသင်္ကြန်မှန်းသိပေရဲ့
သို့ပေမယ့် ရဲဘော်ရေ……
ငါတို့…. ဒီမှာ တကယ်ပဲမပျော်နိုင်ပါဘူး။

-ငါတို့ရင်ထဲအသိထဲမတော့
ဘ၀ဒုက္ခ
လူမှူဒုက္ခ
စားဝတ်နေမှူဒုက္ခ အစုံအငှနဲ့
မလုံမလှ မစုံမ၀ရတဲ့ ဖြစ်စဉ်တွေနဲ့ပြည့်လိုပေါ့။

-ငါတို့ရင်ထဲအသိထဲမတော့
မြစ်ဝကျွန်းပေါ်က အပူဒုက္ခ
လယ်သမားတွေရဲ့ အပူဒုက္ခ
အလုပ်သမားတွေရဲ့အပူဒုက္ခ
ကျောင်းသားမိဘတွေရဲ့ အပူဒုက္ခ
စစ်သားရဲဘော်တွေရဲ့ အပူဒုက္ခ
သံဃာတော်တွေရဲ့ အပူဒုက္ခ
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အပူဒုက္ခ
မြန်ပြည်တနှံ့တလျားက လူထုတွေရဲ့ အပူဒုက္ခ
အဲဒီအပူဒုက္ခပင်လယ်ထဲ
တ၀ဲလယ်လယ်နစ်မြုပ်
နစ်မြုပ်ပြီးရင်းနစ်မြုပ်
ငါတို့…လက်သီးဆုပ်ရင်းသာကြေကွဲနေခဲ့ ။

-ငါတို့ရင်ထဲ အသိထဲမတော့
“ရဲဘော်”ကိုသာ တ နေတော့တယ်။

-မမြင်ရလည်း
မတွေ့ရလည်း
မသိဖူးလည်း
ရင်ထဲမတော့….“ရဲဘော်” ပဲလေ
ရဲဘော်ကိုသာ တ နေရတယ်။
-အချိန်တွေကိုစောင့်နိုင်တဲ့သတ္တိ ရှိဖိုလိုပေမယ့်
ရဲဘော်ရေ………….ကြာလွန်းလှသကွဲ့။

-အကြိမ်နှစ်ဆယ်မြောက်
ပိတောက်ပန်းတို့ပွင့်တဲ့ အခါသမယ
ဒီသင်္ကြန်ကာလနှစ်သစ်မတော့
အတာရေအေး ပက်ဖြန်းလို့ဆုတောင်းလိုက်ပါရဲ့……..
-မိစ္ဆာစနစ်အညစ်အကြေးများ အမြန်ကင်းရှင်းစေလိုပါ၏ ။
-မြန်ပြည်တ၀ှမ်း အေးချမ်းစေလိုပါ၏ ။
-ပြည်သူ့ဆန္ဒ အမြန်ပြည့်ဝစေလိုပါ၏…..။
-ရင်ထဲမတော့
ရဲဘော်နဲ့သာ ဆုံချင်နေရဲ ။

ကိုပေါင်းတည်

1 comment:

အိမ်လွမ်းသူ said...

-မိစ္ဆာစနစ်အညစ်အကြေးများ အမြန်ကင်းရှင်းစေလိုပါ၏ ။
-မြန်ပြည်တ၀ှမ်း အေးချမ်းစေလိုပါ၏ ။
-ပြည်သူ့ဆန္ဒ အမြန်ပြည့်ဝစေလိုပါ၏…..။

တူညီတဲ့ ရင်ထဲကဆန္ဒတွေမို့ ထပ်ဆင့်ဆုတောင်းလိုက်ပါတယ်...