Saturday, July 18, 2009

မြင့်မြင့်ပဲကြံတာပေါ့…..ရဲဘော်


ကျွန်လိုလုပ်ရတဲ့ ချွေးနှဲစာနဲ့
ရဲဘော်စီးဖို့ ဖိနပ်ဖိုး
ကျနော် စုဆောင်းနေရဲ့….။

ဝတုတ်တုတ် အဆီအစ်အစ်မျက်နှာတွေနဲ့
နိုင်ငံသစ်လွင်ဖို့ဆိုပြီး လုပ်စားနေသူတွေကြား
စားဝတ်နေရေး မပြေလည်တဲ့………..ရဲဘော်ရေ..။

ကမ္ဘာမြေမှာ သာယာချမ်းမြေ့အောင်လုပ်ကြရင်းနဲ့ပဲ
စစ်ဘေးစစ်ဒဏ် ခံသူ ခံရ
တလွဲအာဏာနဲ့ ဖိနှိပ်ခံသူ ခံရ
အင်အားနဲ့ ခြိမ်းခြောက်ခံသူ ခံနေရ
ဟန်ဆောင်မှူတွေနဲ့ လိမ်လည်ခံသူ ခံနေရ
ဂုဏ်သိက္ခာတရားတွေ ရောင်းစားခံသူ ခံနေရ
ဦးနှောက်ဖေါက်စားခံသူ ခံနေရ
အသုံးချ ခံရသူ ခံနေရ
မွဲပြာကြပြီး ငတ်သူ ငတ်နေကြ
တောင်းစားသူ တောင်းစားနေကြ
(ဒီကြားထဲ)…ကောင်းစားသူကောင်းစားနေကြ
ဘ၀ဟာ…
(အလွန်ပဲ) ….. ကွာဟကွဲလွဲနေသပ(ပါ့)..။

ဒီလိုအခြေအနေအောက်မှာ
ရိုးရိုးကျင့်
မြင့်မြင့်ပဲ ကြံကြတာပေါ့ ရဲဘော်..။

စိတ်စေတနာ သဘောထားရိုးရိုးနဲ့
လူပီသစွာ ရပ်တည်ခိုင်မာရမယ်
တည်ကြည်စွာ ဦးဆောင်ပြရမယ်
တက်တက်ကြွကြွ နဲ့ စွန့်လွှတ်အနစ်နာခံရမယ်
အပင်ပန်းခံရမယ်
သတ္တိရှိရမယ်
(အဓိက) ရိုးသားရမယ်
ဒါဆိုရင်…..ထုက ပံ့ပိုး
ခင်ဗျားရဲ့အလုပ်တွေကို ၀ိုင်းလုပ်ကြမှာပေါ့..။

မျက်ချေမပြတ်ကြည့်ရမှာက
“အတ္တကိုယ်ကျိုးအတွက် အမှား” မလုပ်ဖို့နဲ့
လုပ်ပိုင်ခွင့်ကို တလွဲမသုံးဖို့
တာဝန်ကို အာဏာလို့မထင်ဖို့
နှိမ့်ချစွာ ဆက်ဆံစည်းရုံးဖို့
ပြီးတော့
ဘုံရန်သူမပျောက်ဖို့ပေါ့ …….ရဲဘော် ။

ဗဆန်းဇော်

2 comments:

ခြေလှမ်းသစ် said...

အားလုံးမှန်ပါတယ် ရဲဘော်.. ဘုံရန်သူမပျောက်ဖို့ တော့ မပူပါနဲ့ဗျာ.. သေတာတောင် ပျောက်မှာ မဟုတ်ဘူး .. အာမခံတယ်ဗျို့ ...

FreedomFighter88 said...

တကယ်တန်ဖိုးရှိတဲ့ကဗျာပါ။ လူတိုင်းအဲဒီလိုစိတ်မျိုး
နဲ့ တော်လှန်ရေးလုပ်နိုင်ကြရင်တော့ မအောင်မြင်စရာ
မရှိပါဘူး။ သို့ သော်လည်း......။