ထိုကဗျာ ဂျာနယ်သို့ သွားပေးသည့် အခါ အယ်ဒီတာ ရဲဘော်အေးသန်းက “ခင်ဗျားပေးတဲ့ ကဗျာကို ကျနော်တော့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ကဗျာကောင်းလို့တော့ ထင်တယ်” ဆိုပြီး ပြုံး၍ ပြောသည်။ နောက် စာအုပ်ထွက်တော့လည်း ပါလာပါသည်။ ထိုကိစ္စကို အခု ပြန်စဉ်းစားမိတော့ နည်းနည်းတော့ ရှက် ကိုးရှက်ကန်းဖြစ်မိသည်။ “သေနတ်သံ ဂျာနယ်” ကို အယ်ဒီတာလုပ်နေသည့် ရဲဘော်အေးသန်းသည် က ဗျာဆရာအောင်ငြိမ်း ဖြစ်နေသည်ကို နောင် ၁၀ နှစ်လောက်ကြာမှ သူ၏ လုံးချင်း ကဗျာစာအုပ် ထွက်လာ တော့မှ သိရတော့သည်။ အပြည့်အစုံ >>
Saturday, March 13, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment