အမိမြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်း ရေးတို့အတွက်၊မိုင်ပေါင်း(၃၀၀၀)ကျော် ချီတက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသား ရဲဘော်အေ သင်နဲ့ ရဲဘော်ဇော်မင်းထွေးတို့ နှစ်ဦးရဲ့ခရီးရှည်ချီတက်နေမှုဟာ ယနေ့ဆိုလျှင် (၁၆)ရက် မြောက် ရှိခြဲ့ပီး မိုင်ပေါင်း(၃၃၀)ကျော်ကို ဖြတ်သန်းခဲ့ပါပြီ။
(၁၅)ရက်နေ့ကလည်း (Oregon )ပြည်နယ်(Port Land) မြို့က ယ္ခင် မကဒတ ရဲဘော်ဟောင်းများ ဖြစ်ကြတဲ့ ရဲဘော်ပံသု၊ ရဲဘော် ဦးမှတ်ကြီးနဲ့ ရဲဘော်ထွန်းထွန်းတို့ ဦးဆောင်ပြီး ခရီးရှည်ချီတက်နေတဲ့ ရဲဘော်နှစ်ဦးအတွက် လိုအပ်တဲ့ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအသုံး အဆောင်ပစ္စည်းတွေကို လာရောက်ပေးပို့ထောက်ပံ့ပါတယ်။
ရာသီဥတုကတော့ဆိုးနေဆဲပါ၊(IDAHO)ပြည်နယ်ကိုတော့ (၃)ရက်ခန့်၊ ခရီးဆက်လိုက်လျှင် ရောက်နိုင်ပြီလို့ဆိုပါတယ်၊ သူတို့ နှစ်ဦးကတော့ ဆက်လက်ချီတက်နေမြဲပါ၊ကျနော်တို့လည်း ထိုရဲဘော်နှစ်ဦးရဲ့ အခြေအနေတွေကို မြန်မာပြည်သူများသိအောင် တတ်နိုင်သမျှ သတင်းပေးပို့ပါမယ်၊ အားလုံးဝိုင်းဝန်းထောက်ခံကြဖို့ အကြောင်းကြားလိုက်ပါတယ်။
ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦး
No comments:
Post a Comment