Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, June 2, 2011

အကောင်းဆုံး ဆေးတခွက်

မိတ်ဆွေ …
သင့်ဘ၀ကို ကမ္ဘာလုံးပေါ်တင်ပြီး
လှဲ့ကြည့်လိုက်ပါ၊

ဟော ….
အမှန်တရားတွေ လွင့်ထွက်သွားပြီ။

မိတ်ဆွေ …
သင့်ရဲ့ လုပ်ဆောင်ချက်တွေ
ဆီကြိတ်ဆုံထဲထည့် ကြိတ်ကြည့်လိုက်ပါ၊ဟော …
အတ္တတွေ ထွက်ကျလာပြီ။

မိတ်ဆွေ …
လွင့်ထွက်လာတဲ့ အမှန်တရား
ထွက်ကျလာတဲ့ အတ္တတွေကို
ရောမွှေပေါင်းစပ်လိုက်ရင် ….

စစ်မှန်တဲ့ အမှန်တရားနဲ့ အတ္တတွေ
ပျော်ဝင်နေတဲ့ လောက
နိဗ္ဗာန်ဆေးတခွက်
သင့်ဘ၀ အတွက်
ဖြစ်ပေါ်လာလိမ့်မယ်။

ရိုး(ခေတ္တရာ)
January 28, 2011 (Rensselaer)

အပြည့်အစုံ...

Thursday, April 14, 2011

နှင်းခဲပျော်ချိန်

နှင်းတွေ
ထူထူထဲထဲ၊ သိပ်သိပ်သည်းသည်း ကျနေတဲ့အချိန်
အပင်တွေဟာ ပေါက်မလာကြဘူး။

မကြည်မလင် ရာသီဥတုထဲ
ငါ
နေထိုင်ခဲ့ရဖူးတယ်။

အချင်းမာရ်နတ် ... ဖယ်လော့!
နှင်းခဲပျော်ချိန် ရောက်ပြီ။

တကယ်ပါပဲ
လမ်းတွေဟာ ရှင်းလာတယ်
မြင်ကွင်းတွေဟာ ကြည်လင်လာတယ်
အေးခဲမနေတော့ပဲ နွေးထွေးလာတယ်
အထဲကလူတွေ အပြင်ကို ထွက်ကုန်ကြတယ်
မြေသားကိုထိုးခွဲ ပန်းပွင့်လေးတွေလည်း ပေါက်လာကြတယ်။

အမေရိကန် နွားကြောင်းသားတွေက
သူ့သားကောင်ကို ကြိုးကွင်းပစ်ဖမ်းလိုက်သလိုမျိုး
ဘယ်လောက်ရိုင်းတဲ့ ရာသီပဲဖြစ်ပါစေ
အသားကျစီးနိုင်ခဲ့တယ်။

ငါဟာ ကဗျာဆရာဖြစ်တယ်။

လာပြီ ... !
ကဗျာဆရာလာပြီို
ငါ့မြင်းကို ငါစိုင်း
ကဗျာပန်းတွေ စိုက်ပျိုးမယ်။

အချင်းမာရ်နတ် ... ဖယ်လော့!
နှင်းခဲ ပျော်ချိန်ရောက်ပြီ။

ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံ...

Wednesday, March 23, 2011

ရဲဘော်ဆေး

(၁၅)နှစ်တောင်ရှိသွားပြီ---တုတ်ကြီးရေ
မင်းရဲ့---
မက်မက်စက်စက်ပွင့်လန်းလို့ကောင်းတဲ့အချိန်
သာမိတိုက်ရွာကြီးက
မင်းရှိရင်အားရှိတယ်။

မင်းမလာရင်--တမေးမေး--တစမ်းစမ်းနဲ့
ကွမ်းထုတ်လေးအမြဲပေးတတ်တဲ့ရွာလေ။
မှိုင်းပြာပြာ ပျင်းစရာကောင်း
အထီးကျန်နွေအလယ်မှာ
ငါတို့--ကမ္ဘာမြေအတွက်
လာခြင်းကောင်းတဲ့သံစဉ်တွေရေး
စကားပြောလောကြီးတဲ့မင်း
ဘာတွေနဲ့ဘယ်လို
လဲလှယ်ခွင့်မပြုနိုင်
လှလိုက်တဲ့ ကတိစကားတွေ
မင်းမွေးဖွားပေးရက်နော်။

ဓကျနော်က--ထင်ထားတာ
သူရေလာပက်မယ်လို့
ရဲဘော်ကြီးတယောက်ကို
သူက---တစ်တစ်ရစ်ရစ်မလွှတ်တမ်းပေါ့ဓ
ဗုံတောင်သူ မိသက်ထားကိုမှ
ခွင့်လွှတ်ခြင်းများစွာနဲ့
အဲဒီလောက်ချစ်ခဲ့တာပါတဲ့။
ဆရာကြီးပီမိုးနှင်းရဲ့စကား
သူနဲ့ငြင်းခုံကြသေး
ဓနိုင်ငံရေးဆိုတာ ညစ်ပတ်တတ်မှဓတဲ့။
ဆိုးတူကောင်းဘက်ရဲဘော်တွေအတွက်
ဟာသနဲ့တသက်လုံးအမှတ်ရသွားမယ့်
ဇဝဏဥာဏ်--သတိရတုန်းတုတ်ကြီးရေ။

ကျောက်ကြီးတောင်ရွာမ
ကျွန်းတောကုန်းပုန်းတဲ
ညောင်ပင်တောင်ပုခက်တဲ
မဏ္ဌပ်တောင်ဘုရားပွဲ
မင်းကိုယ်တိုင်ကပြခဲ့တဲ့ဇာတ်
ဓလူသူတခါရောက်ဖို့လှည့်စားထား
ကိုကြွေရေ--ရှုရှုတခါပေါက်ဆယ့်ငါးပြားဆိုပဲဓ
အကြောင်းမညီညွှတ်လို့
ဘောင်းဘီချွတ်ရပါပြီ---ပြက်လုံး
ငါကြားချင်သေးတယ်တုတ်ကြီးရေ။

တညသားမှာ
ငါ့ကျောကုန်းကို---အံကြိတ်ထု
ပြန်အမှတ်ရမိတာတွေဟာ
မင်းကိုမေ့သွားအောင်လုပ်ခဲ့တာလား။

မမေ့ဘူး--မင်းကိုချစ်တယ်
မင်းကို--လေးစားတယ်
မင်းကို--တန်ဖိုးထားတယ်
မင်းကို---ကျည်တတောင့်မသင့်စေချင်ဘူး။

မင်းချစ်တဲ့ရွာ--မင်းပြည်သူက
ရဲဘော်ဆေး ရန်သူမိသွားပြီတဲ့
ရဲဘော်ဆေးသတ္တိရှိရှိပဲတဲ့
ရန်သူကိုတည်ငြိမ်စွာတုန့်ပြန်တယ်တဲ့
ရန်သူဆီကွမ်းတရာ
တောင်းစားရဲတယ်တဲ့--ပြီးတော့
ဓခင်ဗျားတို့ ကျုပ်ကိုမိပြီပဲ
ကျုပ်လူတွေကိုမေးစရာမလိုဘူး
ခင်ဗျားတို့လုပ်စရာရှိတာဆက်လုပ်ပါဓ။

ခွပ်ဒေါင်းစိတ်--ခွပ်ဒေါင်းသတ္တိ
ခွပ်ဒေါင်းဇာတိ တချက်ကလေးမညွှတ်ပြောင်း
တွေဝေမှုမရှိ--သေခြင်းတရားကို
ရဲရဲအာခံသူ။

ကွမ်းသီးလှီးတဲ့--ဓါးပြတ်ပြတ်နဲ့
ညောင်ဝါပင်ခြေရင်း
ဓါးတစင်းအောက်မှာ--အသက်ပျောက်သွားခဲ့
ရဲဘော်တုတ်ကြီးရေ--
ငါ့ရင်ထဲ---မေ့လို့ရနိုင်ရိုးလား။

ကျည်ဝေဖြိုး
(၁၉၉၇ခုနှစ်၊မတ်လ-၁ရက်)

မှတ်ချက်။ ။မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး။ ကျောင်းသားတပ်မတော်၊ စစ်ရေးအခြေခံဒေသထိုးဖောက်ရေး၊ ဗဟိုအလုပ်အဖွဲ့(အလယ်ပိုင်း) အထူးဒေ သ သစ် အယ်တောင်ရွာနှင့်လေးအိမ်စုရွာကြားတွင် ရန်သူနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ရင်းအရှင်မိသွားပြီးအသတ်ခံခဲ့ရသောရဲဘော် ဆန်းလင်းအောင်(ခ)ရဲဘော်ဆေး၊(သို့)တုတ်ကြီးအား ဂုဏ်ပြုရေးဖွဲ့ပါသည်။

အပြည့်အစုံ...

Saturday, March 19, 2011

မတ်လရနံ့

မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက် ၊ မျဉ်းဖြူစက်ရ်ျ
ကွဲအက်ကြောင်းရာ ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ် ၊ပတ္တမြားရည်
စီးလည်အဟုန် ၊နီ မြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး ။

မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်ရ်ျ
စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာ လက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။

အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက် ၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော ၊ သင်ပေါင်းတောဧ။်
နောက်ကျောစေးပျစ် ၊ သောင်ရေစစ်မှ
ဖက်စစ်ကင်းစောင့် စစ်စခန်း ။ချောင်းကိုကွေ့သော် ၊
တွေ့လျှင်တွေ့ချင်း ၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ ၊ နီးရ်ျ လာလျှင်
အသာရုတ်ချင်း ၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန် ၊ သေနတ်သံသည်
မြစ်ယံပဲ့တင် ထပ်သတည်း ။

ငွေလရောင်လျှင်
အမှောင်ညရိပ် ၊ သေးသေးစိတ်သား
မိုးထိပ် တိမ်မော် ၊ငြိမ့်ငြိမ့်ပေါ်သည်
သော်တာပြုံးလဲ့ ၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့် ညဥ့်ခါ ၊ ထိန်ထိန်သာသော်
ကျယ်စွာ ၀န်းလျား ၊ လယ်ကွင်းနားမှ
တောဖျား ညို့အုပ် ၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း ၊ တွဲတွဲဆိုင်းရ်ျ
ဖြူဝိုင်းစက်စက် ၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင် ၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိပ်ကာ ။

ရွာတစ်ရွာကား ၊
မှိုင်းပြာမဲညို့ ၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့် ၊ ပရမ်းပတာ
ထွက်ပြေးရရှာ ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀ ၊ မီးလောင်မြေမှာ
နွမ်းခွေပျောင်းယဲ့ ၊ ညင်းလေဖွဲ့က
သဲ့သဲ့ ခွေးဟောင်သံ တကား ။

ခရေပွင့်လျှင် ၊
ကြွေရင့်ဝါ၀ါ ၊မြေထက်မှာလျှင်
ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး ၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်၇ွက်ကြွေ။ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ် ၊ ဘ၀သစ်သို့
သနစ်ပြောင်းမည် ၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့် ။

ဒဂုန်တာရာ

အပြည့်အစုံ...

Monday, March 14, 2011

အိမ် အပြန်

ကြယ်တွေဆီ ရောက်ဖို့ဆို
အမြင့်ဆုံး ပျံဖို့လိုမယ်
သူငယ်ချင်းရေ
တို့အခု ပြန်ကြ စို့….။

calculator ကိုင်တဲ့လက်ဟာ
လိုအပ်ရင်အလံတော်ကိုကိုင်ရမယ်
သူငယ်ချင်းရေ
တို့အခု ထွက်ကြစို့….။ယုံကြည်ချက်နဲ့
ရှုတဲ့အသက်မှ
အရသာရှိတယ်ဆိုတာ
မင်းကိုယ်တွေ့ပဲမဟုတ်လား
တို့အခု ပျံကြစို့….။

ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံပြန်စိုက်မယ်
ညီငယ် ၊ နှမငယ်
သားငယ် သမီးငယ်
တို့ချစ်တဲ့ သူတွေအတွက်
လှိုင်သာယာကို တို့ငြင်းတယ်
မှော်ဇာကို တို့ငြင်းတယ်
တာဝကို တို့ငြင်းတယ်
ရွှေပြည်သာကို တို့ငြင်းတယ်
တို့အခု ထွက်ကြစို့….။

လှိုင်းအလျားအပြည့်နဲ့
အတိုင်းသားတို့ပြန်ကြားရလိမ့်မယ်
ငါကအရေးတော်ပုံလို့တိုင်ရင်
မင်းကအောင်ရမည်လို့ကြွေးကြော်မယ်
သပိတ်ဆိုတာတို့အတွက်
မှောက်တဲ့ဘက်မှာပဲရှိတယ်
ပြည်သူတွေတီးတဲ့
အချိုဆုံးသံစဉ်
တို့နားဆင်မယ်
အတိုင်အဖောက်ညီမယ်
အချိတ်အဆက်မိမယ်
အသံပါတယ်
အသက်ပါတယ်
လေးကိုင်းကိုကွေးမယ်
လေးညှို့ကိုတင်မယ်
ဝန်ကိုထမ်းမယ်
ဓားကိုထုတ်မယ်။

အမှောင်ကိုခွင်းမယ်
အလင်းကိုဆောင်မယ်
ကန်သင်းကိုရှင်းမယ်
ခလုတ်ကိုဖယ်မယ်
ဒေါင်းအလံကို
တို့အမြင့်ဆုံး လွှင့်တင်မယ်
အောင်ပွဲကို
တိုက်ပွဲနဲ့ယူမယ်
အုတ်တစ်ချပ်ကနေ
မြို့တစ်မြို့ကိုတည်မယ်
သဲတစ်ပွင့်ကနေ
သဲသောင်ပြင်ကိုဖန်ဆင်းမယ်
တိုင်ကြီး ၁၈ တိုင်ကို
နှလုံးသားပေါ်စိုက်မယ်
သမဂ္ဂကို
နှလုံးသားပေါ်ဆောက်မယ်
အဓိပတိလမ်းကို
ဒဏ်ရာတွေနဲ့ခင်းမယ်
ပြီးရင်
ရဲဘော်တွေနာမည် ထွင်းမယ်
မယိုင်မရွဲ့ဘူး
မတိမ်းမစောင်းဘူး
ပြည်သူ့ရင်မှာ
နှင်းဆီပွင့်မယ်
ပြည်သူ့နှလုံး
တို့သိမ်းကြုံးမယ်
စွယ်တော်လမ်းပေါ်
တို့ပြန်လျှောက်မယ်
ကံ့ကော်ရိပ်မှာ
တို့ချွေးသိပ်မယ်
အရေမပျော်ဘူး
အရောင်မပြောင်းဘူး
နှလုံးကခုန်နေသမျှ
ဧရာဝတီက ကိုယ်ထဲစီးဆင်းလိမ့်မယ်
ဇီဝဇိုး ငှက်တွေလို
တို့ပြည်ကို တို့တည်မယ်
လက်ရည်တစ်ပြင်တည်း
တို့ရှေးကထက်ပိုချစ်မယ်
ဓားတောင်ကိုကျော်မယ်
မီးပင်လယ်ကိုဖြတ်မယ်
မင်းအတောင်
ညောင်းခွင့်ငါမပေးဘူး
ငါ့သက်မ
ချခွင့်မင်းမပေးနဲ့
တို့အိမ်ကို ပြန်ရမယ်
သူငယ်ချင်းရေ
တို့အခု ပျံကြစို့
ဒီအချိန်ဆို
ရဲဘော်ဝိညာဉ်တွေက
သာဓုခေါ်ဖို့ တို့ကိုမျှော်နေရောပေါ့ ။ ။

မတ်လ ၁၃ ရက်နေ့တွင်ကျရောက်သောမြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ သို့မဟုတ် ဖုန်းမော်နေ့သို့

ညိုထက်ညို

“ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံပြန်စိုက်မယ်“ စာသားကို ကိုမင်းကိုနိုင်၏ ကဗျာမှ ယူငင်သုံးစွဲပါသည်။ ခွင့်ပြုချက် မတောင်းခံနိုင်သည်ကို နားလည်ခွင့်လွှတ်ပေးပါရန် ။ ။

အပြည့်အစုံ...

Saturday, March 5, 2011

ရဲရဲတောက်လွှင့်ထူထားခဲ့တယ်

ခန်းထဲက
အလင်းနဲ့ အမှောင်ဟာ
ပကတိ အရှိသဘောကို မဆောင်တဲ့
အတုအယောင်တွေသာဖြစ်တယ် ၊

ဒီအချိန်မှာဆို
အပြင်မှာ နေညိုနေလောက်ပြီ
အမေအို ငိုနေလောက်ပြီ ၊

တိုင်းပြည်ကြီးက
စစ်ဝါဒီတို့ ရဲ့  လက်မှာအကြိမ်ကြိမ်အခါခါ
မတရားပြုကျင့်ခံနေခဲ့ရပုံများ
နေ

ကြယ်ရောင်
ခေတ်ပျက်ကြီးမှာ
မှောင်နေတုန်းပဲ ၊အလိုမတူမှု လှိုင်းတံပိုးများကြားထဲ
ငါတို့ ရဲ့  သူရဲကောင်းများ
မြုပ်ချည် ပေါ်ချည်
ငါတို့ ရဲ့  တိုက်ဖော်တိုက်ဖက်များ
မြုပ်ချည် ပေါ်ချည်
ဘယ်သူတွေ ဘာပြောချင်သေးလဲ
ယုံကြည်ချက်တွေဟာလည်း
ကောက်ရိုးတမျှင်လိုပေါ့
မြုပ်ချည် ပေါ်ချည် ၊

အလို့ ဟောဒီမှာ
အနှစ်နှစ်ဆယ်ကျော် အချိန်ကာလရဲ့ 
ပန်းတွေ ပွင့်နေပုံများ
တတောလုံး တတောင်လုံး
ရဲရဲတောက်လို့ 
တိုက်ပွဲတွေကလည်း
ရဲရဲတောက်လို့ 
စိတ်ဓါတ်တွေကလည်း
အမြင့်မားဆုံးအောင်လံတော်ကို
ရဲရဲတောက်လွှင့်ထူထားကြပေါ့ ၊

(မတ်လ သွေးမြေကျမှုများသို့ )

ညိုထက်ညို

အပြည့်အစုံ...

Saturday, February 26, 2011

လွှတ်တော်သစ်သို့ ဦးတိုက်အဆိုပြုလွှာ

၁) မြန်မာပြည်အမည်အား
ခေတ် စနစ်နှင့် အညီ
ငရဲပြည်ဟု
ခေါ်ဝေါ်သမုတ်ပေးပါရန် …

(၂)
နိုင်ငံတော်အလံသစ် အလယ်မှ
ကြယ်ဖြူပွင့်အစား
အရိုး ၂ ချောင်း နောက်ခံနှင့်
အရိုးခေါင်းတလုံးကို
ပြောင်းလဲ သုံးစွဲပေးပါရန် …

(၃)
နိုင်ငံတော်သီချင်းအား
စစ်မှုမထမ်းမနေရ ဥပဒေနှင့် အညီ
စစ်ချီတေးတပုဒ်ဖြင့်
အစားသွင်းပေးပါရန် …

(၄)
သမ္မတ၊ ဝန်ကြီးချုပ်တို့အထက်
နောက်ကွယ်မှ တာဝန်ယူမည့်သူအား
ငရဲမင်းတရားကြီးအဖြစ်
ခေါ်ဝေါ်ခွင့် ပြုပါရန် …

(၅)
သက်ပြည့် ပင်စင်မယူ
နိုင်ငံ့အကြီးအကဲ ဖြစ်လိုသူများအား
လားပင်စင်ကို တိုက်ရိုက်ပေးသနားပါရန် …

(၆)
ဤအဆိုပြုလွှာအား
မျက်ကွယ်ပြုထားငြား
လွှတ်တော်အထက် တဆင့်တက်
သေမင်းထံသို့
အယူခံဝင်မည် ဖြစ်ပါကြောင်း။ ။

လူဗိုလ် ငရဲသားအမှတ် NBN ၂၂၂၉၅၆၀
၈- ၂- ၂၀၁၁

အပြည့်အစုံ...

စဉ်းစားပါ… မြန်မာပြည်

မြန်မာပြည်ရေ……..
သက္ကရာဇ် ၂၀ဝ၀ ရဲ့နောက်ပိုင်းမှာ
မဟော်သဓာနဲ့ ဘီဂိတ်ကို
Remix လုပ်လို့ ရပေမဲ့ 
ကြံ့ဖွတ်နဲ့ ဒီမိုကရက်တစ်ကို

ဘယ်လိုကာရံတွေနဲ့
အနားသတ်ကြမလဲ…..။

မြန်မာပြည်ရေ…………
မင်းဟာ……..
Globalization ရဲ့စုန်ရေထဲမှာ
ဆန်ပြီးရင်းဆန်ရင်း
မိုးခါးရေကို မင်းတစ်ယောက်တည်းသောက်တယ် … ။

မြန်မာပြည်ရေ…….
ပျော်ရွှင်စရာကောင်းတဲ့ Game တွေကို
ကြိုက်တတ်ရင်လည်း
စစ်တိုက်တမ်းတော့ မကစားပါနဲ့ကွာ
မင်းလိုချင်တာတွေဟာ
Wire တစ်ချောင်းတောင်မလိုတဲ့
Network ကြီးထဲမှာလည်း
Welcome ပြီးရင်း Welcome ပါပဲ……။

မြန်မာပြည်ရေ…..
မင်း….နာဂစ်နဲ့ ဂီရိ
ပြီးတော့…..ပြည်တွင်းစစ်
ပြီးတော့………အပြစ်မဲ့အကျဉ်းသားတွေရဲ့မျက်ရည်
ပြီးတော့…………သားပျောက်မိခင်
ပြီးတော့………..မိဝေးဖဝေးတို့တတွေ
အဲ့ဒိအကြားမှာ….မင်းဟာ
Heal the world ဆိုတဲ့
မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းကိုကြားတိုင်း
ပုလဲခနေရမှာဖြစ်သလို
သဘာဝဆိုတဲ့
ဆိုင်းထီးစိုင်ရဲ့သီချင်းကိုကြားတိုင်း
ကြက်သီးထ တုန်လှုပ်နေလိမ့်မယ် …. ။

မြန်မာပြည်ရေ………….
ကမ္ဘာပြားနေတဲ့ခုချိန်ခါမှာ
မြန်မာနိုင်ပြီလို့  ဘယ်လောက်အော်အော်
မင်းဒူးတုတ်နေတဲ့တရုတ်ကြီးက
လှပါတယ်မေရယ်လို့ ပြောပြီး
မင်းကို ညစာလုပ်ပြစ်လိမ့်မယ် ……။

မြန်မာပြည်ရေ……..
အမေ့အိမ်ကိုခံစားလိုက်စမ်းပါ
ကမ္ဘာကိုချေလိုက်စမ်းပါ
အဖေကိုအဖေလို့ ခေါ်ခွင့်ပြုလိုက်စမ်းပါ
ကြိုးကြာငှက်တို့ရဲ့အတောင်ပံတွေကို
ရပ်နားခွင့်ပြုလိုက်စမ်းပါ
မျှော်လင့်ခြင်းရဲ့သစ်သီးတစ်လုံးဆိုတဲ့
အိမ်ပျိုမလေးကိုကျားကန်လိုက်စမ်းပါ
ဇေယျာသော်နဲ့ ဇာဂနာရဲ့ဝန်းကျင်တွေကိုလည်း
ရှင်သန်ခွင့်ပြုလိုက်စမ်းပါ
သေချာပါတယ်…..
မင်းဟာ………အလိုလိုနေရင်း
ဗိုလ်ချုပ်မှုးကြီးဖြစ်သွားပါလိမ့်မယ်… ။

နန်းရှင်

အပြည့်အစုံ...

ဖုန်းမော်ဥဒါန်း

ကိုဖုန်းမော်
စွယ်တော်ပန်းပွင့်
မရင့်မှည့်မှီ
လွင့်ကြွေမြေခ
နွေဦးကိုနှိုးထစေခဲ့ ။


ဖုန်းမော်မသေ
ဤမြေအနှံ့
လွင့်ပျံ့စီးဆင်း
ရဲရင့်ခြင်းနွေဦး
ဖူးပွင့်ထောင်းသောင်း
လှည်းနေမြေအောင်း
မြင်းဇောင်းမကျန်
တော်လှန်ဖူးသစ် ရှစ်လေးလုံး ။

စစ်ဖိနှပ်အောက်
မလွတ်မြောက်သေး
နွေဦးတေးကို
သွေးနဲ့ပေးဆပ်
မြင့်မြတ်ခြင်းတွေ
တို့မြေဆီမှ
တွေ့နေရပေါ့
ချွန်မြဒေါင်းတွေ
လာခြေတော့မည်
ပြည်သူ့တပ်ဦး
ဖူးပွင့်နီမြန်း
ဖုန်းမော်ဥဒါန်းတွင်မဆုံး ။

(နှစ်ဆယ့်သုံးနှစ်မြောက် ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ ဦးညွှတ်ခြင်း)

နီလွင်သွေး(ဒဿနိက)

အပြည့်အစုံ...

Monday, September 20, 2010

ဝင်းမော်ဦး မော်ကွန်း

မော်ကွန်းသစ်
ရှစ်လေးလုံး ။

မိုးမြေမဆုံးတဲ့
သွေးနဲ့ရေးခဲ့တဲ့ ရာဇ၀င်တွေထဲမှာ
ဝင်းမော်ဦး လည်းပါတယ် ။

စက်တင်္ဘာ တဆယ့်ရှစ်ရောက်တိုင်း
မှိုင်းညို့နေတဲ့ မိုးဥတုရဲ့
စက်တင်္ဘာ မိုးရေစက်တွေ အောက်က
တောက်ပဖူးသစ်ပြီး
အပြစ်ကင်းသန့်တဲ့
လုံချဉ်စိမ်းနဲ့ အင်္ကျီအဖြူဝတ်
ကျောင်းသားလူငယ်လေးတွေရဲ့ ခန္ဓာမှာ
ဝင်းမော်ဦး ကိုယ်ပွါးဖြစ်တည်ပါစေ ။ ။

( ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုန်တွင် သူရဲကောင်းဆန်စွာ ကျဆုံး သွားတဲ့ အာဇာနည်မလေး ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားကြတဲ့ အာဇာနည် သူရဲကောင်း ရဟန်းရှင်လူ ကျောင်းသားလူငယ်များအား ဤကဗျာဖြင့် ဦး ညွှတ် အလေးပြုပါသည် ။)

နီလွင်သွေး(ဒဿနိက) ၉ ၊ ၁၉ ၊ ၂၀၁၀
တနင်္ဂနွေနေ့ နံက် ၁၁ နာရီ

အပြည့်အစုံ...

Sunday, September 12, 2010

ချိုးလား ဒုံးလား ကောင်းကင်ထက်မှာ ဝိုးတဝါး

အဲဒီနေ့ က
ဟီရိုရှီးမား
ရောက်လို့  သွားတယ်
ဗုံးဒဏ်သင့်သူတွေကို
မစ္စတာ ဘန်ကီမွန်းနဲ့  အတူ
အလေးအမြတ် ပြုဖို့ 

ခေါင်းလောင်းထိုးချိန်မှာ
တခေါင်းလုံး ငုံ့ ထားရတော့
ကျောက မလုံချင်
ခေါင်းလောင်းသံ မဆဲခင်
အချိန်မရွေး ကျလာရင် ကျလာနိုင်တဲ့
ညူကလီးယား ဒုံးကျည်များ

ဘန်ကီမွန်းကတော့
ကျကာမှ ကျလာရောလို့ 
ထင်ပါရဲ့ 
မြေပြင် ငုံ့ လျှက် အလေးပြု

ကိုယ်ကတော့
သတိဆိုတာ ပိုတယ်လို့  မရှိ
ခေါင်းလောင်းသံ မရပ်ခင် အထိတော့
မြေပြင်နဲ့  တိမ်တိုက်
မော့လိုက် ငုံ့ လိုက် အလေးပြု။ ။

သြဂုတ်လ ၆ ရက် ၁၉၄၅ နှင့် သြဂုတ်လ ၉ ရက် ၁၉၄၅ သို့ 

လင်းလက်ဇာနည် စက်တင်ဘာ ၆ ၂၀၁၀

အပြည့်အစုံ...

Monday, September 6, 2010

ကံ့ကော်အိပ်မက်နဲ့ ဒေါင်းတွန်သံ

အဓိပတိလမ်းမနဲ့ ဘွဲ့နှင်းသဘင်
သစ်ပုတ်ပင်နဲ့ ခုံတမ်းပြာ
ရေတမာနဲ့ ဂျပ်ဆင်
ကံ့ကော်ပင်နဲ့ ကံ့ကော်တမ်း
စစ်ကိုင်းလမ်းနဲ့ အင်းဝဆောင်
ဝိဇာဆောင် စားသောက်တန်းနဲ့ အရီးမြ အသုတ်ဆိုင်
မြကျွန်းသာကဖီးနဲ့ ဒဿနိကဌာန
အင်းလျားကန်သာနဲ့ စီးပွါးရေးတက္ကသိုလ်
မြကျွန်းညို ကဗျာများနဲ့ ချစ်သူငယ်ချင်းများ
မဆုံနိုင်အောင် ဝေးကွာသွားခဲ့
တက္ကသိုလ်ရဲ့တမ်းမက်စရာ နေ့ရက်များ
ဝေးသွားခဲ့ပေါ့ ခရမ်းပြာရေ ။

အမိတက္ကသိုလ် မြရိပ်ညိုတွင်
ဌာနေစုံမှ ကွန်းခိုကြကာ
ဝိဇာသိပ္ပံ မချန်ဆည်းပူး
ကြည်နူးခဲ့ကြ လေးနှစ်တာ။

နွေကိုမုန်းခဲ့
နွေရွက်ကြွေလို ဟိုမှာသည်မှာ
ဂနာမငြိမ် အိမ်မပြန်ချင်
ချစ်ခင်သူတို့ မျက်ရည်စိုခဲ့
အမိရင်ခွင် မဝေးချင်ခဲ့
တက္ကသိုလ် လှပခဲ့သော နေ့ရက်များ။

အမိတက္ကသိုလ် ကွန်းခိုခဲ့ရ နေ့ရက်တွေမှာ
ပညာရှာရင်း
အနုပညာ ကဗျာပန်းချီ
စာပေဂီတ သုခုမနဲ့
အစစစုံလင်
အမိရင်ခွင် ကြည်စင်ငြိမ်းချမ်း
ခမ်းနားခဲ့ နေ့ရက်များ။

ကံ့ကော်ပွင့် လွင့်လို့ကြွေ
စကားပွင့် လေလွင့်မျော
စိန်ပန်းတို့ လျှောကြပင်ထက်
မဲနက်နက် ကတ္တရာလမ်းမထက် နီရဲလက်ခဲ့
မုန်တိုင်းဖဲ့ခြွေ ချေရာတို့ ပျောက်ခဲ့ပေါ့
ဖျော့တော့အိမ်မက် မျက်ရည်စက်များနဲ့
သွေးစွန်းခဲ့သော
အနက်ရောင် ကာလများ။

ခေတ်အဆက်ဆက်
သစ္စာမပျက်တဲ့ ကံ့ကော်တောမှာ
မျိုးဆက်ရဲ့အားမာန်
အမှန်သစ္စာအတွက်
ငါတို့အသက်ကို
ပေးဆက်စွန့်လွှတ်
ဒေါင်းပျိုထိုးစွပ် လွတ်ကြောင်းကြံခဲ့
ဗကသရဲ့ အလံတော်အောက်မှာ ။

ကံ့ကော်တောမှ ခွပ်ဒေါင်းဝိညဉ်
ပြန်လည်ရှင်သန်
ငါတို့ သစ္စာမှန်လျှင်
ခွပ်ဒေါင်းအလံကို
အမိတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခမ်းမထိပ်မှာ
ချိပ်ဆွဲဖို့
ငါတို့ ပြန်လာမယ် ။ ။

နီလွင်သွေး(ဒဿနိက) ၈ ၊ ၈ ၊ ၂၀၁၀
တနင်္ဂနွေနေ့ ရမ်ဆယ်လီရာ ၊ နယူးရောက်

အပြည့်အစုံ...

Friday, September 3, 2010

ရှစ်လေးလုံး သံဓိဌာန်

အမျိုးသားလွတ်မြောက်ရေးအစ
ခွပ်ဒေါင်းကဖြစ်တယ် ။

ဗိုလ်အောင်ကျော် မှ
ကိုမင်းကိုနိုင်
ကိုကျော်ကို တို့ခေတ်
ခေတ်အဆက်ဆက်
မျိုးဆက်သွေးသစ်
သမိုင်းကိုနှလုံးသွေးနဲ့ထုဆစ်သွန်းလောင်း
မြင့်မြတ်တဲ့သူရဲကောင်း
ဦးမညွှတ်တဲ့ခွပ်ဒေါင်းတွေ ။

အမျိုးသားလွတ်မြောက်ရေး
ငြိမ်းချမ်းရေး
ဒီမိုကရေစီရေး
စစ်အာဏာရှင်ဆန့်ကျင့်ရေး
အဲဒီ အရေးတော်ပုံသမိုင်းတွေထဲက
ဗကသ
တကသ
ရကသ
အကသ
သမဂ္ဂနဲ့ခွပ်ဒေါင်းအလံ
လွတ်ကြောင်းကြံခဲ့အရေးတော်ပုံများ ။

ငါတို့ခေတ်
ရှစ်ဆယ့်ရှစ်အသံ
မောင်းပြန်လားဟေ့
ဟော့ဒီမှာ ဒေါင်းအလံ
မောင်းပြန်ကို ဒေါင်းအလံနဲ့တိုက်မယ်ဟေ့ လို့
ပြည်သူတွေရဲ့ရှေ့က ရဲရဲနီခဲ့ခွပ်ဒေါင်းများ ။

ရှစ်လေးလုံးသံဓိဌာန်
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ် ဟေ့ ။ ။

နီလွင်သွေး(ဒဿနိက) ၈ ၊၁၅ ၊၂၀၁၀

အပြည့်အစုံ...

Saturday, August 7, 2010

သူရှင် - ကိုယ်ရှင်

ဒီလိုဗျာ
ကျနော်တို့ချည်း အနှစ် - ၂၀
တချို့ - အနှစ် - ၇၀
တချို့ - အနှစ် - ၆၀။

ဒီလိုဗျာ
ပဒေသရာဇ် ခေတ်မှာလည်း
အရှင်မင်းကြီး သြဇာထူထောင်ဖို့အတွက်
နယ်မြေလုဖို့အတွက်
တိုက်ခဲ့ရတဲ့ ပဒေသရာဇ် စစ်ပွဲ။
ကိုလိုနီခေတ်မှာလည်း
ကိုယ့်တိုင်းပြည်ကိုယ်ပြန်ရဖို့အတွက်
ခေတ်ဦး သူပုန်သူကန်တွေကနေ
ဗိုလ်တေဇတို့ တပ်မတော်ဖွဲပြီးတိုက်တဲ့အထိ
တိုက်ခဲ့ရတဲ့ အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ။
လွတ်လပ်ပြီးခေတ်မှာလည်းပဲ
လွတ်လပ်ရေးရပြီးကတည်းက
လူမျိုးစုံတန်းတူရေးအတွက်
ဒီမိုကရေစီရေးအတွက်
တိုက်ခဲ့ရတဲ့ ပြည်တွင်းစစ်။

စစ် …
စစ် …
စစ် …
အဲဒီစစ်တွေနဲ့ပဲ
နစ်နေရတဲ့
ကျနော်တို့ တိုင်းပြည်နဲ့ ကျနော်တို့ ပြည်သူတွေ
ဓါးသံ မြားသံကနေ
ဗုံးသံ သေနတ်သံအထိ
စစ်မတိုက်ပဲနေရတဲ့ ခေတ်ဆိုတာရော ရှိသေးရဲ့လား
ကျနော်တို့ပြည်သူတွေ နားနားနေနေ နေခဲ့ရသေးလို့လား
သူရှင် - ကိုယ်ရှင်။

အတ္တဘာဝနဲ့ ပကတိဘာဝ ပေါင်းစုံတဲ့အခါ
တော်လှန်ရေးကို ရှေ့တွန်းတင်လို့ရသတဲ့
တော်လှန်ရေး အောင်ပွဲခံသတဲ့
၈၈၈၈
မေ - ၉၀
ဂန္ဓီခန်းမ
လမ်းလျောက်ပွဲ
ရွှေဝါရောင်
ထားပါတော့
သူရှင် - ကိုယ်ရှင်။
စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ
သယံဇာတတွေ ပေါတဲ့မြေ
ထားလိုက်ပါတော့
ခင်ဗျားတို့လည်း အလုပ်မဖြစ်ခဲ့ပါဘူး
သူရှင် - ကိုယ်ရှင်။

ဒီပဲယင်းအပြီးမှာ
တဖက်က
ဒီမိုကရေစီ လမ်းပြမြေပုံဆိုတာကြီးကို တင်ပြပြီး
တဖက်က
အဆင့်တိုင်းမှာ တိုက်ဖျက်သွားမယ်လို့ တင်ပြတယ်
ထားလိုက်ပါတော့
သူရှင် - ကိုယ်ရှင်။

ဒေါ်အောင်ဆန်းစုကြည်
ကိုမင်းကိုနိုင်
ကိုကျော်ကိုကို
နရသိမ်ထဲက သူရဲကောင်းတွေ
အလံမလှဲစတမ်း။

ဘယ်သူ့ကိုမှ လျော့ပေးဖို့တောင်းဆိုစရာမလိုဘူး
ဘယ်သူက လျော့ပေးလိုက်ပါလို့လည်း စာပြစရာမလိုဘူး
ဘယ်သူကမှ ဘယ်သူ့ရဲ့မှ လက်အောက်ခံလည်း မဟုတ်ဘူး
လွတ်လပ်
ပွင့်လင်း
တန်းတူ
ချစ်ကြည်
သူရှင် - ကိုယ်ရှင်။

၂၀၁၀ မှာ
အရေးတကြီးလိုအပ်နေတာက
ရွေးကောက်ပွဲလား
တွေ့ဆုံဆွေးနွေးပွဲလား
သူရှင် - ကိုယ်ရှင်။

၃ - ပွင့်ဆိုင်လည်းရှိတယ်
ခြေလှမ်း ၃ - လှမ်းလည်းရှိတယ်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့
သင်ပုန်းချေရေးတဲ့
တို့တိုင်းပြည်ထဲက တို့လူတွေပဲ
တို့အချင်းချင်းပဲ
သင်ပုန်းချေကြမယ်
သူရှင် - ကိုယ်ရှင်။

နြူကလီးယားကိုပဲ အာရုံစိုက်မနေနဲ့
အနီးခေတ်မှာ လှမ်းကြည့်စရာ
အာဖဂန် ရှိတယ်
အီရတ် ရှိတယ်
ဘယ်နိုင်ငံခြားသားတပ်ကိုမှ
ဗမာပြည်နယ်နိမိတ်ထဲ
ခြေချခွင့်မပေးနိုင်ဘူး
ကိုယ့်ကိစ္စ ကိုယ်ရှင်းကြမယ်
သူရှင် - ကိုယ်ရှင်။

စစ်တိုက်ဖူးတဲ့သူပဲ
စစ်ရဲ့ အနိဌာရုံကိုသိတယ်
ငါဟာ
လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်တယ်
အာဃာတတွေ ခ၀ါချကြမယ်
သူရှင် - ကိုယ်ရှင်။

ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံ...

Tuesday, June 1, 2010

ကဗျာထဲကမြို့ကလေးနဲ့ ဒေါင်းခွပ်ချိန်အိပ်မက်များ

၁၉၈၈၊ စက်တင်ဘာလအပြီး
မြို့ကလေးရဲ့ ဘူတာရုံလေးကနေ
လူငယ်တွေ အမေတွေကို နှုတ်မဆက်နိုင်ပဲ
နွေဦးဆီကို ပျံသန်းသွားကြပေါ့။

အဲဒီ ပဲခူးရိုးမကြီးက
နေ၀င် နေထွက် ဘာမှ မပြောင်းလဲ
အရင်လို သစ္စာတရားနဲ့ စီးဆင်းလည်ပတ်
မြို့ကလေးရဲ့အနာဂတ်နဲ့ လူငယ်တွေကို ရှာဖွေရင်း
အမေတွေရဲ့လွမ်းတေးမှာ
သမိုင်းကို ချေရာကောက်ခဲ့ ။

ခေါင်းရွက် ဗျက်ထိုး
လယ်သူမ တမန်းနိုးတဲ့
ရိုးမပျော် အိပ်တန်းမပျံနိုင်တဲ့ ဌက်တွေရဲ့
အမှောင်ခေတ် သားသည်အမေတွေလေ
ဂေါ်ဂီရဲ့အမေ မဟုတ်တဲ့ အမေတွေ။

အမေအိမ်
ရေနံဆီမီးအိမ် မှိန်မှိန်လေးအောက်မှာ
အရင်လိုနွေးထွေးလုံချုံနေပေမဲ့
အမေ့ရဲ့မေတ္တာ ရိပ်မြုံလေး
ဂစ်တာသံတွေရဲ့အဝေးမှာ
လှပနိုင် ပါတော့မလား။

၂၀၀၇၊ စက်တင်ဘာ
ရွှေဝါရောင် တော်လှန်ရေးထဲက
နှစ်(၂၀)ကျော် မမြင်တွေ့ရတဲ့သားတို့ရဲ့ခွပ်ဒေါင်းအလံ
တခါ ပြန်တွေ့ ရှင်သန်
အမေ့ ဒဏ်ရာ တခါ ပြန်သစ်
ဒေါင်းပျို သွေးသစ် သားတို့ ခေတ်ကို
လှစ်ကနဲတွေ့ လိုက်ရပေါ့။

အမေ ယုံတယ် သားတို့ ရေ
ဟော့ဟို အစိမ်းရောင် ခြုံလွှာကြီးနဲ့ 
ရိုးမတောင်ကြီးရဲ့တဖက်မှာ ငုပ်လျှိုးသွားတဲ့ နေမင်းကြီးဟာ
မနက်ဖြန် ရောင်နီသစ်လျှက်
နေ၀န်းဝန်းနီနီ ပေါ်ထွက်တော့မယ့် ခေတ်
စိုက်ခဲ့သမျှ ရိပ်သိမ်းရတော့မဲ့ နှစ်
ခွပ်ဒေါင်းအလံနဲ့ လွတ်ကြောင်းကြံတဲ့ သမိုင်းသစ်
(၂၀၁၀) ဖြစ်လိမ့်မယ် ။ ။

နီလွင်သွေး(ဒဿနိက)
မေ၊ ၇ ၊ ၂၀၁၀ ၁း၂၅- နာရီ
(အမေနဲ့ အာဇာနည် သူရဲကောင်းအပေါင်းကို မွေးဖွားပေးခဲ့တဲ့အမေများသို့ )

အပြည့်အစုံ...

Thursday, May 27, 2010

ခေတ်တခုရဲ့ ခြေရာများ

ဖြစ်ပုံက
ရိုးရိုးစင်းစင်းလေးပါပဲ
လူငယ်တွေ ပွင့်ဖူးသလောက်
ခေတ်က
ခူးယူ ပန်ဆင်ခဲ့တာပ။

လူငယ်ဟေ့
ကောင်းကင်ကြီးကို လှစေချင်တယ်
သမုဒ္ဒရာကြီးကို သန့်စေချင်တယ်
ပြီးတော့ …
ကမ္ဘာကြီးကို
လတ်ဆတ်တဲ့ လေတွေနဲ့ ထုံမွမ်းစေချင်တယ်
စစ်မက်ခြေသံတွေ တိတ်ဆိတ်စေချင်တယ်။

ခေါင်းမရှောင်ခဲ့ပါဘူး
အဝေးကြည့်
အနီးကြည့်
မြင်ကွင်းအားလုံးထဲမှာ
မြစ်ကျိုးအင်းအိပ်မက်တွေထဲမှာ မသေဘဲ
အရူးအမူးကူးခဲ့ကြတာပ

ခေတ်ဆိုတာကိုက
မဆုံးသောခရီးလေ။

တိုးသစ်
မှတ်ချက်။ ။ ဤကဗျာရှင်သည် ဇနီးဖြစ်သူနှင့်အတူ နှစ်ရှည်ထောင်ဒဏ် ကျခံနေရပါသည်။

အပြည့်အစုံ...

Friday, May 14, 2010

သမိးရဲ့ တောင်ယာ

အဖေက
ယုံကြည်ချက်တွေကို ရိတ်သိမ်းဖို့
သူ့ကိုယ်ပေါ်မှာရင်း
ဘ၀ကို
အမှန်တရားတွေ ဆူးထိုးပြီးစိုက်ခဲ့။

အမေက
အဖေရိတ်သိမ်းလာမယ့် အမှန်တရားတွေကို
သိုလှောင်ဖို့
လုံခြုံတဲ့ ကျီတခုကို သူ့ကိုယ်ပေါ်မှာ ဆောက်။

သမီးက
လောကထဲ ရိက္ခာအတွက်
အမေ့ရဲ့ ကျီထဲက
အဖေ့ရဲ့ အမှန်တရားများ
တသက်စားမကုန်။

တိုးသစ်
မှတ်ချက်။ ။ ဤကဗျာရှင်သည် ဇနီးဖြစ်သူနှင့်အတူ နှစ်ရှည်ထောင်ဒဏ် ကျခံနေရပါသည်။

အပြည့်အစုံ...

Sunday, May 9, 2010

ဦးမညွှတ်တဲ့ ခွပ်ဒေါင်းတွေ

သူရဲကောင်းတယောက်ရဲ့
နောက်ဆုံးအချိန်က
ကြေကွဲတိတ်ဆိတ်လျှက်
မျက်ရည်ကျမဲ့သူ တယောက်မှ မရှိ
ဂူဗိမာန်အကာအရံ မရှိ
အမည်နာမနဲ့ အဆောင်အယောင် မရှိ
လိုက်ပါ ပို့ဆောင်မဲ့သူ မရှိ
ပကတိ ကြေကွဲ တိတ်ဆိတ်လို့။

သူရဲကောင်းဗိမာန်ပေါ်
ကိုင်းညွတ်ပူဇော်နေကြတဲ့ တောပန်းတွေ
တောင်တန်းနဲ့ တောအုပ်တွေ
ညို့ညို့ မှိုင်းမှိုင်း ဥတု
ဦးညွှတ်ဂုဏ်ပြုနေရဲ့။

သူချစ်တဲ့မြေ
အမေ ဧရာဝတီ
အနောက်ဘက်ကမ်းဆီက
ရခိုင်ရိုးမတောင်တန်းတွေနဲ့
သူတို့ အိမ်တွေဆီကို
နောက်ဆုံးနုတ်ဆက်စကားတွေကိုတောင်
သယ်ဆောင်မသွားနိုင်ခဲ့ဘူး။ ။

နှီလွင်သွေး (ဒသ၁နိက)
(လူဘောင်သစ်ဒီမိုကတစ်ပါတီဝင်၊ ကျောင်းသားတပ်မတော် တပ်ရင်း(၆၀၁)မှ သူရဲကောင်းရဲဘော်များဖြစ်သော ရဲဘော်ကြည်ဆန်း၊ ရဲဘော်ဆန်းလင်းအောင်၊ ရဲဘော်ဝင်းကျော၊် ရဲဘော်မွှေးကြိုင်၊ ရဲဘော်အောင်သူ၊ ရဲဘော်မြင့်ဌေးဦး စတဲ့ သူရဲကောင်းဆန်စွာကျဆုံးသွားကျတဲ့ညီအကိုတော်များကိုဦးညွှတ်ဂုဏ်ပြုပါသည်။)

အပြည့်အစုံ...

Wednesday, May 5, 2010

လမ်းလျှောက်တတ်ပြီ

- ဆင်ခေါင်းကိုခွေးချီသလိုမျိုးဖြစ်နေမယ့် စုစည်းမှုမျိုးတွေနဲ့
တွဲလုပ်ရင်တော့ သမိုင်းတရားခံဖြစ်မယ်
ဒါကြောင့်ရှောင်မယ်ဆိုပဲ…..။

- ဘာကိုများကြည့်ပြောတာပါလိမ့်
လူတွေကိုလား
ဟုတ်တယ်ထင်ပါရဲ့
ကျနော်တို့လူတွေက အထင်ကရတော့မဟုတ်ဘူး
သာမန်အောက်ခြေက တက်ကြွလှုပ်ရှားသူတွေလေ
ဒါပေမယ့် ဒီလူတွေကို စုမှရမယ်
စုစည်းမှဖြစ်မယ်
စုထားတဲ့အားနဲ့လုပ်မှဖြစ်မယ် ဒီအားကမနည်းဘူး ဦးလေး
ဆင်ခေါင်းကိုမနိုင်ပေမယ့် ၀ိုင်းဆွဲရမယ်
ရွေ့လျားသွားအောင်တွန်းရမယ်
လုပ်ကြည့်မှသိမယ့် အဖြေတွေမို့
ထင်မြင်ချက်တွေမစောစေချင်သေးဘူး
စောင့်ကြည့်ပါဦး…………ဦးလေး….. ။

- ဒ်ီဖက်မှာက ကျွန်လိုရုန်းကန်ငွေရှာ
ရှာဖွေထားတဲ့ငွေကြေးနဲ့ ထောက်ပံ့ကြွေးမွေး
မိသားစုအရေး တိုင်းရေးပြည်ရေး
နိုင်ငံရေးနဲ့
တကယ်ပဲ အလုပ်တွေရှုတ်နေကြတာပါ….. ။
- ဆန္ဒပြဖို့ အင်အားပြဖို့
လမ်းလျှောက်ချီတက်ဖို့ ဖိတ်ခေါ်တဲ့အခါတိုင်း
အသံကုန်ဟစ်အော်
ကျနော်တို့က အကဲဆုံးထင်ပါရဲ့ ဦးလေး…..။

- ကျဉ်လွတ်မြေမှာဆိုပေမယ့်ဦးလေးရယ်
ကျနော်တို့မှ ထမအော်ရင်
ဦးလေးတို့ပြောနေတဲ့ နိုင်ငံကာဖိအားဆိုတာ ဘယ်နှယ့်ဖြစ်လာမလဲ
ဦးလေးလိုက်အော်ကြည့်ပါလား
ကျနော်ထင်ပါတယ် ဦးလေးရှက်နေမှာပါ
သိက္ခာကျတယ်လို့တောင် ဦးလေးထင်နေမှာ ကျနော်ယုံတယ်…..။

- တကယ်တော့
ကိုယ်လုပ်နိုင်တဲ့အလုပ်တွေနဲ့
တာဝန်ခွဲဝေလုပ်နေကြတာပါလို့ သိနေဖို့ပဲလိုတာပါ
လုပ်ချင်တဲ့သူတွေကို အားပေးတာဟာ
နိုင်ငံရေးလုပ်ငန်းတခုပဲလို့ ကျနော်တော့နားလည်တယ်
တက်ကြွသူတွေရဲ့တပ်ဦးကိုစုဖွဲ့
အမျိုးသားညီညွှတ်ရေးတပ်ပေါင်းစုကိုတည်ထောင်
အဲဒါကိုကျနော်ရည်ရွယ်ပါတယ်
မလွယ်ပေမယ့် လုပ်မှဖြစ်မယ် ဦးလေး…..။

တေဇထွန်းလင်း

အပြည့်အစုံ...

Sunday, May 2, 2010

ဒေါင်းမှတ်လို့ မကိုးကွယ်နဲ့

-ဒေါင်းအစစ်ဆိုတာ
ခေတ်ကိုအသက်သွေးနဲ့ထုဆစ်
သစ္စာကြီးသူတွေ
ဦးအောင်မေသု
ဦးကင်းစိန်
ကိုမင်းအောင်
သူရဲကောင်းအထောင်အသောင်းရဲ့
ဈာပနတွေမှာ
ကျုပ်တို့သင်္ဂြိုခွင့်မရခဲ့ဘူး ….။

-ဒေါင်းအတုတွေ
တော်လှန်ရေးအဓွန့်ရှည်ပါစေဆိုတဲ့
ဆောင်ပုဒ်အပျက်တွေနဲ့
တော်လှန်ရေးအရေခြုံ
အသားထဲကလောက်ထွက်
ဒေါင်းမှတ်ပြီးပုံမအပ်လိုက်ကြနဲ့ဟေ့ …။

-ဒေါင်းအတုတွေလား
ဒီမိုကရေစီအင်အားစုတွေကြားမှာ
နေသားတကျနဲ့
ဟန်ကျပန်ကျဦးဆောင်နေရဲ့…။

နေလတ်(ပဲခူးရိုးမ)

အပြည့်အစုံ...