Showing posts with label ရိုး(ခေတ္တရာ). Show all posts
Showing posts with label ရိုး(ခေတ္တရာ). Show all posts

Friday, July 31, 2009

ဖြစ်သော

အပြည့်အစုံ...

Friday, March 27, 2009

ခရီး

ဖြစ်ချင်တာတွေ
မဖြစ်နိုင်သေးတဲ့ အချိန့့် ၊

လုပ်ချင်တာတွေ
မလုပ်နိုင်သေးတဲ့ အချိန့့် ၊

အချိန့့် 
မှေးမှိန် မသွားအောင် ကြိုးစားရင်း
ကုန်ဆုံးသွားတဲ့ အချိန့့် ၊

အဲဒီ အချိန်တွေကြားမှာ
နာကြည်း ခံစားမှုတွေ
ဆုံးရှုံးမှုတွေ မြောပါသွားပြီး
အတွေ့အကြုံသာ ‘ရ’ ထားလိုက်တဲ့ ငါဟာ
အဲဒီ့ 
အချိန်တွေမှာ စီးမျှောရင့်း့ ။

ရိုး (ခေတ္တာရာ)
July 12, 2004 Rensselaer, NY

အပြည့်အစုံ...

Friday, October 31, 2008

အဇ္ဈတ္တလောကီ

ကြီးမားကျယ်ပြန့်တဲ့
ကောင်းကင်ကြီးမှာ
မိုးတိမ်တွေ ရှုတ်ထွေးနေသလို

ခေါင်းတွေထဲမှာလည်း
အတွေးဆတွေ ဗလပွနဲ့
စိတ်မှာက
သောကတွေ ဒဏ်ရာရနေတယ်။

အမေရယ်
ညီလေးကိုမနှိုးလိုက်ပါနဲ့။ ။

ရိုး(ခေတ္တရာ)

အပြည့်အစုံ...

Wednesday, October 29, 2008

နှလုံးသားရှိက်သံ

ဝေးတမြေမှာဆွေးနေရပြီနော်
လှပတဲ့တောင်တန်း
လျှိုမြှောင် စမ်းတွေနဲ့
မမ
ရွှင်လန်းပါစေလို့  ။

သတိတရ
မရွှင်ပြနိုင်တဲ့
ကျနော်
တမ်းတ
မှန်းဆလို့ မျှော်ရင်း
နှိုင်းမရတဲ့ ခံစားမှုကို
နတ်ရှင်နောင်လို ရတုမဖွဲ့တတ် ။

ကျနော့်ရဲ့
ပူဆွေး ခံစား ... နေတဲ့
နှလုံးသားလေးဟာ
ဟို့ အဝေး ... ဆီက
မမရဲ့ ရင်ခွင်မှာ
လွင့်ပါး ပျော်ပိုက်
ရှိုက်သံတွေနဲ့ပေါ့ ... ... ။

သောကရက်ရှည်
နွမ်းလျအမောတွေနဲ့
ကျနော် ...
ဘယ်လို နှစ်သိပ်ရမှာလည်း။ ။

ရိုး(ခေတ္တရာ)
(၁၉၉၃-ဇန်နရီ မဲဟောင်စောင်)

အပြည့်အစုံ...

Saturday, October 4, 2008

ပန်းငယ်ဖြူ

နုနယ်တဲ့ နှလုံးသားကို
ရစ်ပတ် တွယ်တက်
ကဗျာနွယ်တခက်ကိုမှ နမ်းရှိုက်မိ။

သူ့ဘ၀ရဲ့
လပြည့်ညတွေဟာ
ကွယ်ပျောက် ကြွေနွမ်းခဲ့ရ။

(နောက် ...)
အသစ်ရောက်လာတဲ့ လမင်း
ညခင်းကို သာခဲ့ပေမယ့်
ကြင်နာမှုဆိုတဲ့ ရောင်ပြန်ကို
မြိုသိပ်ခြင်းက ၀ါးမြိုသွားခဲ့ ...။

ဖိတ်လျှံလာတဲ့
ဝမ်းနည်းစိတ်ကို တိမ်ဖုံး
အချစ်ရဲ့ နိဂုံးမှာ
မင်းတယောက် ပြုံးပါတော့။

ရိုး(ခေတ္တရာ)

အပြည့်အစုံ...

Friday, October 3, 2008

တောင်ပြိုသံ

တည်ငြိမ်တဲ့ ရေပြင်
လှိုင်းတို့ထင်လျှော့
(ဟိတ်) ... သိပ်မဆော့နဲ့ ...။

မှေးစက်နေတဲ့
နှလုံးသားကို ခလုပ်တိုက်
သိပ်မိုက်တယ် (ကွယ်) ...။

နိုးထလာတဲ့ ရင်မှာ
ပြုံးအားချိနဲ့ ပိုင်ရှင်မယ့်စွာ
(ကလေးရယ် ... ...)
မင်းကို တိတ်တိတ် ချစ်စိတ်ပို ...။

ရိုး(ခေတ္တရာ)
မနီလွိုင် စခန်း

အပြည့်အစုံ...

Monday, May 12, 2008

ဒေါသ

ဝိညဉ်တွေ ချုပ်နှောင်ထားတဲ့
ငါ့ကိုယ် …. ငါ
နိဗ္ဗ္ဗါန် တခါးမှာ ရောက်နေလားမသိ။ ။

အဲဒီနေ့က
(အမှန်တကယ်)
သူ့ကို ….
စကြ၀ဠာနဲ့ မိတ်ဆက်ပေးလိုက်ချင်ပေမယ့်
ကာရာအိုကေ ညခင်းဟာ
ကြွေမွ ကျဆင်းသွားခဲ့ …. ။ ။


အပြည့်အစုံ...

Tuesday, April 29, 2008

အတွင်းကြေ

မနေသာ အဖြေရှာညှိ
အသေအချာ မဖြေသာစစ်တော့
တကယ်ပါရှောင်ခွါပစ်ရင်
မီးတောင်သာပေါက်ကာကွဲပေါ့
ဝေဿနာ...

စစ်တုရင်ပွဲမှာတကွက်အမှား
အချောင် စားချင်သူတွေကြား...
အဝေးက ပွားနေသူတွေကြား...
အနီးကပ် စားနေသူတွေကြား...
နိယာမတရား မရှိသူတွေကြား...
ဖိတ်စာတွေစုတ်ပြဲ လုပ်ရဲပေစွ။

အချုပ်ထဲမှာ သရုပ်ခွဲကာနေရ
ပချုပ်ထဲမှာ ပဲ့နေတဲ့ဆည်းလည်းဖြစ်ခဲ့ရ
လေဟာနယ်မှာ တကယ်ပါ...

ရယ်ပါ
ပြုံးပါ
ငါ့ နှလုံးသာဟာ
ကျီးအတွေအတွက် အစာ(ပါ့)ပ ။ ။

အပြည့်အစုံ...

Monday, April 21, 2008

ကမ္ဘောဇ အလွမ်း

မှိုင်းပြပြရှမ်းတောင်တန်း
အမြင်ဆန်းပေမဲ့ မလှမ်းဝန့်သာ၊

အကြင်နာအချစ်ပန်း
ပွင့်လန်းစေ ထာဝဇဉ်သာ။

သံယောဇဉ် ဒီရင်မှာ
ပူပင်ကာနွမ်း၊

ကယားပြည်တောင်စခန်းမှာ
ညပန်းချီအရောင်ဆမ်းတယ်
ချစ်ရသူလွမ်း။ ။


အပြည့်အစုံ...

Sunday, April 20, 2008

နိုးနေတဲ့ည

ဘ၀ ခရီးအတွက်
အရုဏ် နံက်ခင်း
ဆည်းဆာအလှနဲ့
ညရဲ့”အိနြေ္ဒ”ရမှုကို
အားပြုကြည့်တော့ ...၊

နေ့ဟာ ညပါ
ညဟာ ညဘဲ
အမှောင်ကမ္ဘာထဲ ။ ။

(မျက်မမြင်ဘ၀၏ ခံစားချက်)

ကျနော်ရဲ့ "နှစ်သစ်နှင့် တွေဆုံခြင်း" ကဗျာ commented တွင် "ဘယ်သူက နှစ်ဆန်းတစ် ရက်မှာ ဖြန်းတာတုန်း.."လို့ မေးလာတဲ့ အမေးကို ဤကဗျာဖြင့် ဖြေလိုက်ပါရစေ။




အပြည့်အစုံ...

Thursday, April 17, 2008

နှစ်သစ်နှင့် တွေ့ ဆုံခြင်း

နှစ်ဆန်းတရက် မနက်မှ
အတာရေ ဖြန်းပက်ခြင်း ခံလိုက်ရတယ်။

ပိတောက်နဲ့ ငုဝါ
တူယဉ်စွာ ဖူးပွင့်
ကြူရင့်တဲ့ တေးသင်္ကြန်
မြန်မာဆန်လို့ ပေါ့ ။

ယမင်းလှပျို မဒီ
စီညီစွာ”က”ခုံ
ဖူးငုံ ပိတောက်
ဆံထက်မှာ တောက်နေ့ပေါ့ ။

အတွေးစကို လှမ်းအကြည့်
အမြင်မရှိတဲ့ ငါ့ ဘဝ
ခံစားရပေမယ့့် ။

အတာရေတစက်
ဖြန်းပက်ခြင်း ခံလိုက်ရတယ်
နှစ်ဆန်းတရက် မနက်မှပေါ့ ။

(မိမိဘ၀ကို ပြန်လည် ခံစားသည်)


အပြည့်အစုံ...

Thursday, April 10, 2008

အွန်လိုင်း သင်္ကြန်


ရိုး(ခေတ္တရာ)

ပိတောက်တခက် လက်ဆောင်နဲ့
ရေတပုံးလောင်းပါလို့
ဘလော့ဂါအပေါင်း ...
ရွဲရွဲ စိုစေကြောင်းရယ်နဲ့
အမြဲ... အမြဲ...
အဆင် လက်ကိုတွယ်ကာ
နွဲကြမယ် ဒီအွန်လိုင်းမှာ
မေတ္တာရေလောင်း။ ။

အပြည့်အစုံ...

Saturday, April 5, 2008

မျိုးဆက်သစ်အတွက် ကဗျာ

ရိုး(ခေတ္တရာ)
ဟင့်း့ 
ငါအခု ငါးဆယ်
ဘေးဖယ်
နောက်ကားတက်မယ်။
(ရှေ့မတိုးနောက်မဆုတ် ရှေ့မှပိတ်ရပ်နေကြသူများသို့)



အပြည့်အစုံ...

Friday, April 4, 2008

ဖျက်ဆီးခံလိုက်ရသော ဒဿန (သို့) မနုသလူသား

ရိုး(ခေတ္တရာ)

အထုပ်ကလေးကိုထမ်း
အရုပ်ကလေးလိုလှမ်းလို့
ကဇာတ်ခုံ ရုံတွင်းမှာ
လှပအောင် အယုံသွင်း
လုပ်ဇာတ်တွေခင်း။ ။

(အမျိုးသားညီလာခံသို့တိုက်ရိုက်ရည်ညွန်းသည်)


အပြည့်အစုံ...

Wednesday, April 2, 2008

ကြေငြာ

ရိုး(ခေတ္တရာ)
ကဗျာတ၀က်
စာတ၀က်နဲ့
အာသွက်အောင်ပြော
ပြီးရင့့် 
ရေသောက် လမ်းထွက်မလျှောက်နဲ့

အပြင်မှာ
လေထုညစ်ညမ်းနေတယ်။



အပြည့်အစုံ...

Monday, March 24, 2008

နှလုံးသား ပုံရိပ်

လှသွေးကြွယ်သူ
မောင့့် အိမ်သူငဲ့။

သားငယ်ကိုထွေး
မောင့်ကိုတွေးရင်း
လွမ်းနယ်တွင်းမှာ
လွမ်းမိုးရွာစွေ။ နေလေပြီလား။

အို့ မောင့်အိမ်သူ
ကြည်ဖြူပါတော့ ။

မယားကိုပြစ်
သားကိုပြစ်ခွာ
ထွက်ခဲ့ပါလည်း
နေ့တဓူဝ
လွမ်းရခါခါ
တမ်းတပါသည်
ရင်မှာပူမီး တောက်လောင်ငြီး။

ရင်သွေးရွှေတောင်
သားလှမောင်ကို
တောတောင်ကြားမှာ
မှန်းဆထွေထွေ
တွေးလေလေချစ်
ရင်မှာဖြစ်သည့်
“ဖ”မေတ္တာကို
သားမိခင်လေးသိပါစေ။ ။
(ဘ၀တူရဲဘော်များနှင့်အတူ ခံစားသည်)

ရိုး(ခေတ္တရာ)

အပြည့်အစုံ...

Friday, March 21, 2008

ဆရာမှိုင်း မာန်နဲ့ လှိုင်း ...














ဆရာမှိုင်းရဲ့
ကဗျာလှိုင်းမှာ
ရင်ပါးခဲ့တဲ့ ...၊
မထင်မရှား
ကဗျာသမားကလေး ... ကျနော်။

ဆရာမှိုင်းရဲ့ သက်တော်
၁၃၂ နှစ်မြောက် မွေးနေ့မှာ
ဆွေးမြေ့စွာ လွမ်းမော တသောသောနဲ့ ...။

တောင်းဆုပန်ခြွေ
ဒို့များ မြန်ပြေ(မြန်မာပြည်)
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ...၊

မှိုင်း မာန်တစနဲ့ လှိုင်းတဖန် ထလို့
စစ်ကျွန်ဘ၀ ရုန်းထ လွတ်မြောက်ပါစေသော် ...။

(ဆရာကြီး သခင်ကိုယ်တော်မှိုင်း သက်တော် ၁၃၂ နှစ်မြောက် မွေးနေ့သို့ ...)
8:30 PM Mar. 21, 08

ရိုး(ခေတ္တရာ)

အပြည့်အစုံ...

အထီးကျန် အခန်းကျဉ်းဝယ်


ကျဉ်းမြောင်းတဲ့
အခန်းလေးထဲက
လင်းထိန်နေတဲ့
ဖန်ချောင်းဆိုတဲ့ အရာ၊

ရေခဲပုံးလို့
ပြောနေကြတဲ့
အ၀ါရောင် တစ်ခု၊

တိတ်ခွေစင် ဆိုတဲ့
အစိမ်းရောင်နဲ့၊
မှုံဝါးဝါး ကုတင်တို့က....

ကျနော့်ကို
အမြင်ခြင်း ဖလှယ်ကြဖို့
ပြောနေကြတယ်။

စာရေးစာပွဲမှာ
ရှိနေတယ်ဆိုတဲ့ ဘောပင်၊
ဘီးလို့လို့ ပြောတဲ့ ပန်းရောင်နဲ့
အသံသာ ကြားနေရတဲ့
ပန်ကာပေါ်က ခလုပ်တွေက
ကျနော့်ကို
လက်ဆွဲ နှုတ်ဆက်ချင်ကြလို့တဲ့ ....။

သူတို့ကို မငြငိးဆန်ပေမယ့်
လောကဒါန်ရဲ့
ဥပေက္ခာတံခါး ပွင့်အသွားမှာ
ကျနော် အချင်းများနေရတယ်။

(မိမိ ကိုယ်မိမိ ခံစားသည်)


ရိုး(ခေတ္တရာ) ဘန်ကောက်

အပြည့်အစုံ...

Thursday, March 20, 2008

မြို့


ဒီမြို့လေးဟာ
အတ္တတွေ တဖျတ်ဖျတ်နဲ့
ပွင့်ဖတ်ဖြူတွေ လွှမ်းချုံထားတယ်။

မမြင်ဘူး၊ မတွေ့ဘူး
မပိုင်ဆိုင်ဘူးတဲ့ အရာတွေပေါ်မှာ
ဖက်တွယ်ထားတယ်။

တံဆိပ်စုံ အရက်များအကြောင်း
ကပ်စီနိုမှာ အလှူဒါနပြုခဲ့တဲ့အကြောင်း
ဝင့်ဝင့်ကြွားကြွားပြောတတ်တယ်။

ညကို ညကဘဲမြိုချထားတဲ့
ဒီမြို့လေးက လဟာ
နိုက်ကလပ်မှာ သာတယ်။

နှလုံးသားကိုတော့ နှင်းထုအောက်မှာ
မြှိုပ်နှံထားကြတယ်။

မြို့တွင်းနေရာအနှံ စွန့်ပြစ်ခြင်းခံထားရတဲ့
အတိတ်၊ မနက်ခင်း၊ လိပ်ပြာ၊ အတွေး
ယုံကြည်ချက်တို့ဟာ
ညှိ့မရတဲ့ ကြိုးနဲ့ သေခဲ့ရပြီး
ရှာမရတဲ့ သံစဉ်တွေအောက်မှာ
ကိုယ့်ကိုကိုယ် မြှိုပ်နှံသဂြိုလ်ခဲ့ရတယ်။

(မိမိရောက်ရှိနေသော မြို့လေးရှိ မြန်မာလူမျိုးတချို့အား တိုက်ရိုက်ရည်ညွန်းသည်)

ရိုး(ခေတ္တရာ)

အပြည့်အစုံ...

Thursday, March 13, 2008

အနာဂါတ် ခရီး


ကောင်းကင်ကြီး မီးလောင်နေတယ်
အနာဂါတ် ခရီးရဲ့ မီးရှူးလိုပ၊
မနေ့ညက အိမ်မက်ထဲမှာပေါ့။

(ဆန္ဒခံယူပွဲသို့ တိုက်ရိုက်ရည်ညွန်းသည်)

ရိုး(ခေတ္တရာ)


အပြည့်အစုံ...