Friday, September 3, 2010

ရှစ်လေးလုံး သံဓိဌာန်

အမျိုးသားလွတ်မြောက်ရေးအစ
ခွပ်ဒေါင်းကဖြစ်တယ် ။

ဗိုလ်အောင်ကျော် မှ
ကိုမင်းကိုနိုင်
ကိုကျော်ကို တို့ခေတ်
ခေတ်အဆက်ဆက်
မျိုးဆက်သွေးသစ်
သမိုင်းကိုနှလုံးသွေးနဲ့ထုဆစ်သွန်းလောင်း
မြင့်မြတ်တဲ့သူရဲကောင်း
ဦးမညွှတ်တဲ့ခွပ်ဒေါင်းတွေ ။

အမျိုးသားလွတ်မြောက်ရေး
ငြိမ်းချမ်းရေး
ဒီမိုကရေစီရေး
စစ်အာဏာရှင်ဆန့်ကျင့်ရေး
အဲဒီ အရေးတော်ပုံသမိုင်းတွေထဲက
ဗကသ
တကသ
ရကသ
အကသ
သမဂ္ဂနဲ့ခွပ်ဒေါင်းအလံ
လွတ်ကြောင်းကြံခဲ့အရေးတော်ပုံများ ။

ငါတို့ခေတ်
ရှစ်ဆယ့်ရှစ်အသံ
မောင်းပြန်လားဟေ့
ဟော့ဒီမှာ ဒေါင်းအလံ
မောင်းပြန်ကို ဒေါင်းအလံနဲ့တိုက်မယ်ဟေ့ လို့
ပြည်သူတွေရဲ့ရှေ့က ရဲရဲနီခဲ့ခွပ်ဒေါင်းများ ။

ရှစ်လေးလုံးသံဓိဌာန်
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ် ဟေ့ ။ ။

နီလွင်သွေး(ဒဿနိက) ၈ ၊၁၅ ၊၂၀၁၀

No comments: